နွယ်ပင်January 14, 20111min1054
အင်တာနက်ပေါ်က အချစ်နဲ့ဘဝကို ရှာဖွေပြီး နိုင်းနိုင်းစနေ ဘာသာပြန်သည်။ အချစ် (၁) အချစ်အပေါင်းအချစ်က အရမ်းချစ်တာဖြစ်တယ်။ အချစ်အနုတ်အချစ်က အချစ်ရဲ့အစဖြစ်တယ်။ အချစ်အမြှောက်အချစ်က အဆုံးမရှိတဲ့အချစ်ဖြစ်တယ်။ အချစ်အစားအချစ်က အချစ်တစ်ခုတည်းဖြစ်တယ်။ (၂) တစ်ဖက်သတ် လွမ်းဆွတ်ခြင်းဆိုတာ သူ့ကို သင့်စိတ်ထဲထည့်ထားပေမယ့် သင့်ကို သူ့စိတ်အပြင်ဘက် ထားထားလို့ဖြစ်တယ်။ (၃) သူ့စကားကို တစ်ဝက်ပဲယုံတာကို လိမ္မာပါးနပ်တယ်လို့ခေါ်တယ်။ ဘယ်တစ်ဝက်ကို ယုံရမလဲလို့ သိတာကို ထက်မြက်တယ်လို့ခေါ်တယ်။ (၄) အချစ်ကို ရေလိုက်ငါးလိုက်ဖြစ်ချင်တာ ဇနီးမောင်နှံနှစ်ဦးရဲ့ အတောင့်တဆုံးဆန္ဒပါ။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်ကို ရေလိုသဘောထားပြီး တစ်ဘက်သားကို ငါးလို့သဘောထားတဲ့အမှားမျိုးကို သူတို့အလွယ်တကူ ကျူးလွန်ကြတယ်။ (၅) အချစ်ကို နာကျင်တယ်လို့ ထင်ရတာဟာ တစ်ဘက်လူက သူ့နှလုံးသားကို သူပြန်ရုတ်သိမ်းသွားပေမယ့် ကိုယ်က ကိုယ့်နှလုံးသားကို ပြန်မရုတ်သိမ်းနိုင်သေးလို့ဖြစ်တယ်။ ဘဝ (၁) […]