SnowyJune 3, 20111min792
“ဘာဖြစ်လို့ ကျွန်တော့်ကို စွန့်လွှတ်လိုက်တာလဲ!”   အေးစက်စက်မြေပြင်ပေါ် လဲကျရင်း အချစ်ကမေးတယ်။   “ဝါသနာနဲ့ မျှော်မှန်းချက်ကိုပဲ ကိုယ်လိုချင်ခဲ့တာပါ”   “ကျွန်တော့်ကို ကောက်ယူပါ။ ကျွန်တော်ဘယ်လောက် တန်ဖိုးရှိတယ်ဆိုတာ နောက်တော့ ခင်ဗျားသိမှာပါ” အချစ်က ခခယယတောင်းဆိုတယ်။   “ဟို….”   အချစ်ရဲ့ခယတောင်းဆိုမှုမှာ ကိုယ်တွေဝေနေမိတယ်။ ပြောစရာ စကားလုံး ကိုယ်ရှာမတွေ့ခဲ့ဘူး။ ကိုယ့်အတွေးထဲမှာ အချစ်ကဒြပ်မဲ့ပစ္စည်း…. မမြင်နိုင်ဘူး၊ ဆုပ်ကိုင်လို့မရဘူး။ ဒါကြောင့် အချစ်နဲ့မျှော်မှန်းချက်ကြားမှာ မျှော်မှန်းချက်ကိုရွေးဖို့ ကိုယ်ဆုံးဖြတ်လိုက်တယ်။   ဒါပေမယ့် မျက်ရည်တွေနဲ့ ပြည့်နှက်နေတဲ့အချစ်ကို မကြည့်ရက်ခဲ့လို့ ခါးချိုးဦးညွှတ်ပြီး အချစ်ကို ကိုယ်ကောက်ယူလိုက်မိပြန်တယ်။ ဒီတစ်ကြိမ်မှာတော့ အချစ်က ကိုယ့်လက်ဖဝါးထဲမှာ တလက်လက်တောက်ပပြီး နွေးထွေးတဲ့ရောင်ခြည်တွေ ယှက်ဖြာနေတဲ့ ပုလဲတစ်လုံးလို့ ကိုယ်ခံစားမိတယ်။   ဒါပေမယ့်….   […]