cobraFebruary 5, 20111min1004
ယခင်နှစ်ကုန်ခါနီးလများ ကတည်းက စမ်းသပ်တီထွင်လျက်ရှိသော အမရပူရမြို့နယ်ရှိ ပိုးထည်၊ ချည် ထည်၊ အချိတ်ထမီ လုပ်ငန်းများမှနေ၍ ထမီ အဆင်ဒီဇိုင်းသစ်များကို ဇန်နဝါရီလပိုင်းတွင် စတင် ရက်လုပ်လျက်ရှိနေပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။ အမျိုးသမီးဝတ် အချိတ်ထမီ ပိုးထည်များမှာ အမျိုးသား ဝန်ကြီးများ၏ ကြောင်တောင်တောင် ဝတ်ဆင်မှုကြောင့် ယခုနှစ်တွင် ဈေးကွက်အတွင်းနေရာယူ လာသည်နှင့်အမျှ ထပ်မံ၍ ထမီအဆင်သစ်များ တီထွင်ရက်လုပ်နေကြောင်း အမရပူရမြို့ အချိတ်ပန်းချီ လုပ်ငန်းရှင်တစ်ဦး ပြောသည်။ “ချိတ်ထမီတွေက အရင်တုန်းက ဆိုရင် အမျိုးသမီးတွေပဲ သီးသန့် ဝတ်တော့ ဈေးကွက်က အမျိုးသမီး ဈေးကွက်ပဲ ရှိတာပေါ့ဗျာ။ အခုတော့ အမျိုးသား ဝန်ကြီးတွေပါ ဝတ်ဆင်လာတော့ ဈေးကွက် နှစ်ဆ တိုးတာပေါ့။ မကြာမီ လွှတ်တော်တက်မယ့် အမတ်မင်းတွေလဲ လွှတ်တော်ထဲမှာ ဝန်ကြီးများ နည်းတူ […]