ငါးမိနစ် ..လူလိမ်တွေ ။။ ကျွန်တော်ကဒီပစ္စည်းကိုသိပ်ယုံကြည်လွန်းလို့ လက်မှာပတ်ပြီးဆောင်ထားတယ်များ ထင်လို့လား ကိုယ့်လက်ပေါ်ကဟာမပြောနဲ့ အိမ်က သူ့ထက်ကြီးတဲ့ ဟာတောင်မယုံဘူး  အဲဒီအပြင် အိမ်က ဟာတွေထက် မြင့်မြင့်ရှည်မျှောမျှောကြီး ဆောက်ပြီး  အပေါ်မှာတင်ထားတဲ့ဟာကြီးတွေကိုပိုမယုံဘူးဗျာ ကျွန်တော်ကသာမယုံတာပါ . ဒါပေမယ့်ဒါကြီးက  မြန်မာပြည်ရဲ့ခရေစီ  ဖြစ်နေပြီလားတောင်ပြောရမယ်ဗျ မြန်မာပြည်တနံတလျှား    မြို့တွေမှာတော့ ဒီဟာကြီးတွေ ဆောက်ပြီး တစ်ခန်းတစ်နားခြံတောင်ခတ်ထားလိုက်သေးတယ်လေ ဒီဟာကြီးတွေဆိုတာက နာရီစင်ကြီးတွေကိုပြောတာပါဗျာ နာရီစင်ကြီးတွေဟာ တစ်မြို့တစ်ခုနီးပါး မရှိမဖြစ် မဆောက်မနေရ ဆောက်ထားသလားအောင့် မေ့ရတယ် အင်္ဂလိပ်ခေတ် ကတည်းက ဆောက်ခဲ့တာများတဲ့အတွက် အင်္ဂလိပ်တွေဟာ သူတို့လူမျိုးတီထွင်ခဲ့တဲ့နာရီကို တော်တော်လေး  တန်ဘိုးထား ဂုဏ်ယူခဲ့မှန်း ဒီလိုနာရီစင်ကြီးတွေကို  ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်  ….။။။။။ မြန်မာနိုင်ငံရဲ့အထင်ကရ နာရီစင်ကြီးတွေကိုဖေါ်ပြရ ရင်  မန္တလေးမြို့က ဈေးချိုနာရီစင်/မေမြို့ က နာရီစင် စစ်တွေမြို့က နာရီစင်/ရန်ကုန်မြို့  […]