ဆူးOctober 21, 20103min2105
အဂျန်တာဟုဆိုလိုက်လျှင် ရှေးဟောင်းဗုဒ္ဓဘာသာ ပန်းချီ၊ ပန်းပု အနုပညာဝါသနာပါသူတိုင်း ရင်းရင်း နှီးနှီး သိရှိထားကြပြီးဖြစ်သည်။ အိန္ဒိယပြည်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ကမာ္ဘလှည့်ခရီးသည်တို့ အိနိ္ဒယ ပြည်ကို စိတ်ဝင်စားအောင်ဆွဲဆောင်လှုံ့ဆော်သောစကားတစ်ခုရှိသည်။ ထိုစကားမှာ “Incredible India” မယုံကြည်နိုင်လောက်အောင် ထူးဆန်းထွေလာ အံ့ဩဖွယ်ရာကောင်းသောအိနိ္ဒယဟု အမြဲတမ်းကြွေးကြော် လေ့ရှိပါသည်။ ဟုတ်လည်းဟုတ်လောက်ပါသည်။ လွန်လေပြီးသော နှစ်ပေါင်း (၂၁၀၀)ခန့်က ဗုဒ္ဓဘာသာ ကျောက်ဆစ်အနုပညာ၊ ပန်းချီ၊ ပန်းပု ပညာတို့ဖြင့်ပြည့်စုံကြွယ်ဝသည့် မြင်းခွာသဏ္ဍာန် သို့မဟုတ် အင်္ဂလိပ်အက္ခရာ (U) ပုံ၊ ဗမာအက္ခရာ (ပ) ပုံဟန်ရှိသော ဂူပေါင်း ၃ဝ တို့၏ တည်ရာ အဂျန်တာ သို့မဟုတ် အဇနာ္တ သို့မဟုတ် အဇ္ဇန ္တအမည်ရသော လှိုဏ်ဂူတန်းကြီးများမှာ အိနိ္ဒယ၏ သို့မဟုတ် ဗုဒ္ဓသာသနာသမိုင်း ၏ ပြည့်စုံကြွယ်ဝသော ဂုဏ်သိက္ခာအနုပညာဘဏ်တိုက်၊ […]