မြသဲ ( 17082011 )July 2, 20121min27938
အခုတလော နားထဲမှာ အဆင်မပြေတဲ့ အသံလေးတွေကြားနေရတာနဲ့ ဒီစာလေးကိုရေးဖြစ်တာပါ။ အဲဒါကတော့ အင်္ဂလိပ်စာအသံထွက်ပါပဲ။ ယနေ့ မြန်မာနိုင်ငံရဲ့ လူ ကြည့်အများဆုံး Channel တွေထဲက တခုဖြစ်တဲ့ Family Entertainment ရဲ့ Movie 5 အစီအစဉ် ကြော်ငြာသူ တွေရဲ့ အသံထွက်ပါ။ ဟိုတလောက ကျွန်မလဲ TV ထိုင်ကြည့်နေတုန်း သူတို့ Movie 5 ရဲ့ အစီအစဉ်တွေကိုကြော်ငြာပါတယ်။ ကောင်လေး တယောက် အသံနဲ့ပေါ့။ For Series တွေရော 5 Series တွေရောပေါ့။ အဲဒီမှာ For Comedy အစီအစဉ်လဲရောက်ရော သူကအသံထွက်လိုက်တာ က ဖော်ကမ်းဒီ အတွက် တဲ့။ ဟင်ဘယ်လိုကြီးပါလိမ့်ပေါ့။ ကျွန်မစဉ်းစားလိုက်တော့မှ သူက သူ့ဟာသူ စဉ်းစားပြီးအသံထွက်ထားပုံရတယ်။ […]