moonpoemMay 13, 20141min1635
၂၁၀ဝခုနှစ် ဇန်နဝါရီလ ၄ရက်။ ် ရုံးရှိရာ မြို့ထဲသို့ မွန်းပိုအမ်တစ်ယောက် ကျည်ဆန်ရထားဖြင့်သွားရာ နှုတ်ခမ်းနီဆိုးလို့မပြီးခင် ်၂မိနစ်အတွင်းမှာတင် ရောက်သွား၏။ လူတိုင်းသည်လည်း ကျည်ဆန်ရထားအသုံးများ၍ပွဲလမ်းသဘင်ကိစ္စရှိမှသာ ကားထုတ်စီးကြရာ ပြည်လမ်းတစ်လျှောက် တရားအားထုတ်၍ ရလောက်အောင်ပင် တိတ်ဆိတ်နေ၏။ လွန်ခဲ့သော၁ဝစုနှစ်များမှစပြီး အခြေခံလူတန်းစားများအား အခြေခံလစာ တစ်လ၁၂သိန်းနှင့် ဘွဲ့ရပညာတတ်များအား တစ်လ၂၅သိန်းဟု သတ်မှတ်ထားလေရာ မွန်းပိုအမ်သည် လစာရော အတွေ့အကြုံအရ တစ်လလျှင် သိန်း၈ဝခန့်ရလေသည်။ အိမ်အငှားအရောင်းများသည်လည်းဈေးနှုန်းအတိုင်းအခွန်ဆောင်နေသဖြင့် ဈေးကျသွားကာ ယခုမွန်းပိုအမ်ဝယ်ထားသောအင်းလျားလမ်းမှ အိမ်တစ်လုံးသည် သိန်း၁၀ဝသာရှိ၏။ ုမြန်မာအနှံ့ပတ်သည့် မြို့ပတ်လေယာဉ်များရှိလာပြီး လက်မှတ်တစ်စောင်မှ မြန်မာငွေ ၃ထောင်ကျပ်သာရှိသဖြင့် မွန်းပိုအမ်ရုံးပိတ်ရက်တိုင်း အိမ်ပြန်၏။ ရှေးတုန်းက စာအုပ်များကို ဖတ်ကြည့်သောအခါ ပုဂံခေတ် ရတနာပုံခေတ် စစ်တပ်အုပ်ချုပ်ရေးခေတ် အွန်လိုင်း အဝိုင်းလည်သောခေတ် စသဖြင့်မှတ်သားရလေရာ ကျွန်ုပ်မှာ နားမလည်နိုင်အောင် ရှိရလေ၏။ ယနေ့ခေတ် […]