Yin Nyine NwayAugust 21, 20103min590
အင်းသားရိုးရာ ဟင်းထုပ်ကို တစ်ဆင့်ချင်း ဘယ်လိုလုပ်သလဲ ဆိုတာ ကြည့်ရင်း သွားရည်ယိုကြရအောင်လား ကြက်သွန်မြိတ်ကို သေးသေးလေးတွေဖြစ်အောင်လှီး။ ဆန်နဲ့ကောက်ညှင်းကြိတ်ထားတာထဲကို ကြက်သွန်မြိတ်နဲ့ ဆီ၊ဆား ရော။ (ကြိတ်စက်မရှိရင် အဆင်သင့်ဝယ်လို့ရတဲ့ ဆန်မှုန့်နဲ့ကောက်ညှင်းမှုန့်ကိုရေနဲ့ရောလုပ်လည်းရတယ်။) သမအောင်မွှေပြီး အပေါ့၊အငံမြည်း။ ပျော့ပြီးလုပ်ကိုင်ရလွယ်ကူအောင် ငှက်ပျောရွက်ကို မီးကင် (သို့) နေလှန်း။ ငှက်ပျောရွက်ထဲ ဒီလိုထည့်။ လှပအောင်ခေါက်ပြီး တုတ်တံလေးနဲ့ထိုး။ ပေါင်းအိုးနဲ့ နာရီဝက်ခန့်ပေါင်း။ ကြက်သွန်ဖြူဆီကျက်လေးကို အရောင်လှလှလေးလုပ်။ အနံမွှေးမွှေးလေးဖြစ်လာရင်ပေါင်းအိုး ကိုဖွင့်ကြည်လိုက်ဦး။ အိုးထဲက ထုတ်ထားတဲ့ ပူပူနွေးနွေး ဟင်းထုပ်။ ဆန်းလုံးစိကြော်လေးနဲ့ဆို လိုက်ဖက်တယ်။ ဂျူးမြစ်၊ ငရုတ်သီးကြော် နဲ့ နံနံပင်လေးထည့်။ မန်ကျည်းအချဉ်ရည်စပ်စပ်၊ ရေနွေးကြမ်းလေးနဲ့။ ကဲ…စားဖို့အဆင်သင့်ဖြစ်ပြီ အင်းလေးရိုးရာ ဟင်းထုပ် လုပ်နည်းကတော့ ရှင်းရှင်းလေးနဲ့ လွယ်လွယ်လေးပါပဲ။  အပေါ့၊ အငံ နဲ့ အပျော့အမာကတော […]