moonpoemJune 29, 20121min31112
ဒီနေ ့မနက်ကတင် ကျန်းမာရေးဂျာနယ်တစ်ခုကို ဖတ်လိုက်သည်။ ဂျာနယ်မှာ ရေးထားတာက လူတိုင်း မနက်တစ်ကြိမ်၊ညတစ်ကြိမ်သွားတိုက်သင့်သည်။ညတစ်ကြိမ်တိုက်ဟုဆိုသည်မှာ အိပ်ယာမဝင်ခင်တိုက်ခိုင်းခြင်းဖြစ်ပြီး၊ မနက်တစ်ကြိမ်ဆိုသည်မှာမနက်မိုးလင်းလင်းချင်းဆိုသည်ထက် မနက်စာစားပြီးတိုက်တာ ပိုကောင်းပါသည် ဟုဆိုသည်။ အဘယ်ကြောင့်ဆိုသော်ညကလည်း တိုက်ပြီးသည့်အခါ ဘာမှမစားဘဲ အိပ်သည်။ မနက်မိုးလင်းသောအခါ ထပ်တိုက်သည်။ သို ့သော်မနက်စာ စားပြီးသောအခါ အစာအကြွင်းအကျန်တွေ ရှိနေပါလျက်နှင့် မတိုက်တာကတော့ မဖြစ်သင့်။ဒီတော့ ထိုစာရေးသူပြောတာ မှန်သည်ဟုကျွန်မလက်ခံလိုက်သည်။ သိပ်မကြာပါ ကြေးမုံသတင်းစာတွင် ဆောင်းပါးတစ်ပုဒ်ဖတ်ရပြန်သည်။ လူတော်တော်များများသည် အစာစားပြီးလျှင် သွားတိုက်ရမည် ဆိုသောအရာကို မှတ်သားထားကြသော်လည်း တကယ်တမ်းတော့အစာစားပြီးတိုင်း သွားမတိုက်သင့်ပါ။အဘယ်ကြောင့်ဆိုသော် ကော်ဖီ၊ အချိုမုန် ့စသည်တို့ကို စပြီးသောအခါ အက်စစ်ဓာတ်တစ်မျိုးသည် သွားပေါ်တွင်ကပ်ငြိနေသေးသည်။ ထို့အချိန်တွင် သွားတိုက်လိုက်ပါက သွားကြွေသားအလွှာပျက်စီးခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် သွားမတိုက်သင့်ကြောင်း။ခံတွင်းသန် ့ရှင်းရေး အတွက်ကား ပလုပ်ကျင်းထားပြီး သိပ်ပြီး သွားတိုက်ချင်နေလျှင် အစာစားပြီး […]