unclegyi1974June 1, 20111min28822
ဂေဇက်အဖွဲ့ဝင်တွေ တွေ့ဆုံစားသောက်ပွဲတွေလုပ်ကြမယ်ဆိုတော့ အစားတလုပ်အတွက်နဲ့အမှားမဖက်မိစေဖို့အန်ကယ်စာရေးသတိ ပေးလိုက်ပါတယ်ကွယ် တလောကမိတ်ဆွေတွေဆုံတုန်းစကားပြောကြရင်း မိတ်ဆွေတယောက်ကသူစီစီတီဗီမှာကြည့်လိုက်ရတဲ့သတင်း တပုဒ်အကြောင်းပြောပြပါတယ် တရုပ်ပြည် ပြည်နယ်တခုမှာအစိုးရကရယ်ဒီမိတ်ဟင်းခတ်အမွှေးထုတ် တွေလိုက်သိမ်းနေကြောင်း ဘာဟင်းခတ်အမွှေးထုတ်တွေလည်းဆို မာလာဟင်းထဲထည့်တဲ့ ဟင်းခတ်အထုတ်များဖြစ်ကြောင်း ထိုအထုတ်များတွင်ပါဝင်သောငရုပ်ကောင်းများတွင်ပြည်သူများ စားသုံးရန်မသင့်အဆိပ်ဖြစ်နေကြောင်း အန်ကယ်တွေးမိသည်မှာငရုပ်ကောင်းမှိုတက်များဖြစ်ဖို့များတယ်လို့ထင်ပါ တယ်မှိုဆိုတာသိသည့်အတိုင်းလူကိုအလွန်ဒုက္ခပေးသောပစ္စည်းဖြစ်လို့ပါပဲ မြန်မာမှာကသိကြတဲ့အတိုင်းမယ်လမင်းပါသောနို့မှုန့်များတုန်းကလည်း နို့ဆီချက်ရုံတရုံကအောက်ဈေးနဲ့သိမ်းသွားတာသတင်းတော်ပြန့်သွားသေး မဟုတ်လားအောက်ဈေးဆိုပြီးရော အခုလည်းဟိုမှာသိမ်းနေပြီ ဆ ိုစီးပွားရေးသမားများကရောင်းရသည့်နေရာ ရှာရောင်းကြမှာအမှန်တွေးကြည့်ရန်မလို မြန်မာကလည်းအောက်ဈေးဆို အလွန်ကြိုက်နဲ့ မြန်မာနိုင်ငံထဲဝင်လာလို့က မာလာဟင်းကြိုက်ကြသူ တွေဒုက္ခ နောက်သတိပေးချင်တာတခုက ပုဇွန်ဟင်းပါ ပုဇွန်ဆိုလို့ ကျွန်တော်တို့ငယ်စဉ်ကလေးဘဝ အမေဈေးကပြန်ရောက်လို့ဈေးခြင်းတောင်း ချပြီးတာနဲ့ပုဇွန်ဝယ်လာတာကြုံရင်မီးသွေးဖိုနဲ့ပုဇွန်မီးဖုတ်စားရတာအမှတ်ရပါ့ နောက်ကြီးလာတော့လည်းပုဇွန်ကြိုက်လို့စားဖြစ်တာပါပဲ ဒါဖြင့်ဘာဖြစ်လို့ပုဇွန် နဲ့ပတ်သက်ပြီးသတိပေးချင်တုန်းဆို ဒီလိုပါ HealthDigest ၁၁-၅-၂၀၁၁ ထုတ်ဂျာနယ်ကိုဖတ်လိုက်ရလို့ပါ အဲဒီဂျာနယ်မှာဒေါက်တာမြင့်သန်း(ညောင်လေးပင်)ရေးထားတာကဒီလို ထိုင်ဝမ်မှာအမျိုးသမီးတဦး ဒွါရပေါက်တွေကသွေးတွေထွက်ပြီးရုတ်တရက် သေဆုံးမှုတခုဖြစ်ဆိုပဲ လူသေတယ်ဆိုရဲတပ်ဖွဲ့ကလည်းစုံစမ်းရတာပ သေဆုံးပုံကလည်းဆန်းကိုး ကိုယ့်ဟာကိုယ်အဆိပ်သောက်သေတာလား အဆိပ်ခတ်သတ်မှုလား ဘာညာပေါ့ ဆေးတက္ကသိုလ်ကဆရာကြီးတဦးကိုဖိတ်ကြားပြီးစစ်ဆေးစေမှ အဖြေမှန်ပေါ်တာကိုး ကိုယ့်ကိုယ်ကိုသတ်သေတာလည်းမဟုတ် အဆိပ်ခတ်ခံရတာလည်းမဟုတ် […]