နံနက်မိုးလင်းပြီဆို ဖြေရှင်းရမယ့် အကြောင်းအရာတစ်ခုက နံနက်ခင်းစာကိစ္စပေါ့။ အချို့တွေက လက်ဖက်ရည် ၊ ကော်ဖီ နဲ့  Bakery မုန့်တစ်ခုခုဆို နံနက်စာ ပြီးမြောက် ကြတယ်။ နံနက်ခင်းစာလို့ ဆိုလိုက်တာနဲ့ ထမင်းကြော် ၊ လက်သုတ်စုံ ၊ မုန့်ဟင်းခါး ၊ အုန်းနို့ခေါက်ဆွဲ နဲ့ လက်ဖက်ရည် ၊ ကော်ဖီတို့ကို အားလုံးပြေးမြင်တတ်ကြပါတယ်။ အချို့တွေကတော့ ထမင်းကြမ်းခဲနဲ့ ပဲပြုတ်ဆီစမ်းပေါ့ ကာလတွေပြောင်းလာတာနဲ့ အမျှ လူတော်တော်များများဟာလည်း အရင်ကလို နံနက်ခင်းစာကို အိမ်မှာလို ထမင်းကြော်ချက် မစားကြတော့ပါဘူး။ ရုံးအလုပ်လုပ်တဲ့ သူတွေက လမ်းသင့်တဲ့ ဆိုင်တစ်ဆိုင်က လက်သုတ်စုံ ဒါမှမဟုတ် မုန့်ဟင်းခါးကို ပါဆယ်ဆွဲတဲ့သူဆွဲ ဆိုင်ထိုင်စားတဲ့သူစားကြတာပါပဲ။   ******************************************* ကျွန်တော်ဆို နံနက်ခင်းစားကို လက်ဖက်ရည် ၊ ကော်ဖီ […]