နွယ်ပင်February 8, 20111min500
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကြက်ငှက် တုပ်ကွေးရောဂါပိုး သံသယရှိတဲ့အတွက် ကြက်ငှက်အကောင် ၅၀,၀၀ဝ လောက်ကို ကျန်းမာရေး အရာရှိတွေက သုတ်သင်ခဲ့သလို ကြက်သားနဲ့ ကြက်ဥ ရောင်းဝယ်မှုတွေကိုလည်း ယာယီ ပိတ်ပင်ထားပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့အနီးက ဘုမကျေးရွာမှာရှိတဲ့ ကြက်မွေးမြူရေးခြံတွေမှာ ဇန်နဝါရီလ ဒုတိယပတ်အတွင်းက ကြက်ကောင်ရေ ၈၀ဝ ကျော် သေဆုံးခဲ့တာကြောင့် စစ်ဆေးကြည့်ရာမှာ ကြက်ငှက်တုပ်ကွေး ရောဂါပိုး AH1N1 ဖြစ်ပွားနေတာကို တွေ့ရှိခဲ့ကြတာပါ။ လက်ရှိ အခြေအနေမှာတော့ မြန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့ မွေးမြူရေးခြံတွေကို သတိပေး နှိုးဆော်မှုတွေ ပြုလုပ်နေတယ်လို့ မွေးမြူရေး ဦးစီးဌာနက အရာရှိတဦးက ပြောပြပါတယ်။ “စောင့်ကြည့်တဲ့ သဘောမျိုးပဲ လုပ်တာ ရှိတာပေါ့။ ဘယ်လိုနေရာက ဘယ်လို ဘယ်ငှက်တွေ ဝင်လာမလဲ၊ ဝင်လာတဲ့ ငှက်တွေမှာ ရောဂါပိုးတွေ […]