etoneDecember 16, 20111min18915
ကျွန်မတို့ ကုမ္ပဏီဝန်ထမ်းဆိုတာက အစိုးရဝန်ထမ်းတွေလိုမဟုတ်ပဲ အထက်လူကြီးရဲ့တောက်တိုမယ်ရလည်း လုပ်ရပါတယ် ။ တာဝန်ထဲမှာ ပူးကပ်မပါပေမယ် … ကူညီလုပ်ကိုင်ပေးရပါတယ် … ။ အထက်လူကြီးရဲ့ ဝေယျာဝစ္စအပါအဝင် သာရေးနာရေး ရှိလျှင် ရှိသလို အခမဲ့ အကျိုးဆောင်ပေးရတယ် ။ တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီနေ့က ကျွန်မ ရုံးနောက်ကျမှ ဆင်းဖြစ်ခဲ့တယ် ။ လုပ်လက်စလေး မပြီးတာကြောင့် overtime ဆင်းရတော့တာပေါ့  ။ ဒီမှာတင်  အထက်လူကြီး က ဧည့်သည်တွေကို ဧည့်ခံစရာရှိလို့ စားသောက်ဆိုင်တစ်ခုကို ဘိုကင်လုပ်ပေးဖို့ ပြောလာပါတယ် ။ ဘိုကင်မလုပ်ခင် ဧည့်သည်ဦးရေ ၊ အချိန် နေ့ရက်နဲ့ ပရိုက်ဗိတ်ရွန်း နံပါတ် အပြင် …. ဟင်းလျှာတွေကိုပါ တခါတည်း မှတ်သားစေပါတယ် ။လိပ်စာကတ်လေးကိုပြပြီး ဖုန်းဆက်  သူပြောတဲ့ […]