mgwaloneJune 16, 20121min536
ဆရာဦးဘုန်း (ဓာတု) ရေးထားတဲ့ ရတနာပုံသတင်းစာမှာ ပါတဲ့ “ကျောင်း” ဆိုတဲ့ ဆောင်းပါးဖြစ်ပါတယ်။ ဖတ်ရင်းနဲ့ ပေါ်လာတဲ့ အတွေးတွေကို တွဲပြီ ထဲ့ပေးလိုက်ပါတယ်။ “ဆရာ့ကို တိုင်ပင်စရာရှိလို့ပါ။ ကျွန်တော့်သမီးကို နိုင်ငံတော်ကဖွင့်တဲ့ အခြေခံပညာ ကျောင်းမှာ ထားရမလား။ ပုဂ္ဂလိကကုယ်ပိုင်ကျောင်းမှာ ထားရမှာလား။ သမိးက ငါးတန်း” ကျွန်တော့် သူငယ်ချင်းတစ်ယောက်လည်း ဆိုလာပြန်သည်။ “ငါ့သားအငယ်က အခုရှစ်တန်းကွ။ ကျောင်းထုတ်ပြီး ကိုယ်ပိုင်ကျောင်းမှာ ထားရင် ကောင်းမလားလို့။” ကျွန်တော့် ညီမကလည်း မေးလာပြန်သည်။ “အစ်ကို။ နင့်တူမကို ကိုယ်ပိုင်ကျောင်းတစ်ခုခုမှာ ထားရင်ကောင်းမလားလို့။ သူက ဒီနှစ် ကိုးတန်းလေ။” သူတို့ မေးတိုင်း ကျွန်တော်ဘာမှ အကြံမပြုတတ်ပါ။ ကိုယ့်ရဲ ့ဝင်ငွေနဲ့ သားသမီးအပေါ် အချိန်ပေးနိုင်မှုကို မူ တည်ပြီး မိဘတွေက စဉ်းစားတတ်ကြသည်။ […]