nigimi77March 31, 20111min1675
“တုတ်(ဒုတ်) သွားရှာစမ်း…..” ကျွန်တော့်တို ့ ညီအကို တွေ မိမိ အရိုက်ခံရမည့် ဒုတ်အား မိမိကိုယ်တိုင် ခြံပတ်ပြီး ရှာကြသည်။ ကျိုးလွယ်မည့် ဒုတ်တော့ မရှာလိုက်နှင့် သူကိုယ်တိုင် အကောင်းဆုံး လက်ရွေးစဉ် ရှာဖွေဝယ်ယူ ထားသည့် ရေစိမ်ထားသော ကြက်ဥကြိမ်လုံးနှင့် ညားပေလိမ့်မည်။ ထို ့ကြောင့် မျက်ရည်စက်လက်နှင့်ပင် မိမိတင်ပါး၊ ပေါင်၊ ခြေသလုံးတို ့နှင့် သင့်လျော်မည့် ဝါးခြမ်းပြားအား လိုက်ရှာပြီး အဖေ့လက်သို ့ မိမိနှင့် တကွ ဒုတ်ကိုပါ ထိုးအပ်လိုက်ပြီးသည်နှင့် ရိုက်ဖို ့ရွယ်ရုံရှိသေးသည် မျက်လုံးထဲ ပြာခနဲ မိုက်ခနဲ၊ မိမိ၏ ကလေး သဘာဝ ဆော့ကစားချင် ခဲ့သော စိတ်အား အပြစ်တင်မိခြင်းနှင့် အတူ ပြန်လည်နောင်တရနေမိသည်။ အမေ၏ ကျောင်းစိမ်းထမီ […]