အချစ်ဆိုတာ**SAS အချစ်ဆိုတာ လက်ခုပ်ထဲက သဲပွင့်လေးတွေနဲ့ အလား သဏ္ဍာန်တူပါတယ်။ အချစ်ကို တမင် ခိုင်မြဲချင်လွန်းလို့ ဖိနှိပ်ဆုပ်ကိုင်ထားလေလေ ဆုံးရှူံးလွယ်လေလေ ဖြစ်ရပါလိမ့်မယ်။ မတင်းမကျပ်လွန်းဘဲ ဟန်ချက်ညီညီနဲ့ သဘောထားကြီးကြီးနဲ့ သေသေခြာခြာ ယုယုယယ ဆုပ်ကိုင်ထားပါမှ လက်ခုပ်ထဲက သဲတွေလို သဏန်မပျက်ဘဲ ကိုယ်နဲ့အတူ ယှဉ်တွဲရှိနေမှာပါ။ မဟုတ်ရင်တော့ လက်ကြားထဲက ယိုစီးကျသွားတဲ့ သဲပွင့်လေး တွေလိုဘဲ ပြန်လည်မရရှိ နိုင်တော့ဘဲ အချစ်ကို တသက်စာ လက်လွှတ် ဆုံးရှုံးရပါလိမ့်မယ် ချစ်ခင်လေးစားသော ရွှေအိမ်စည် ကဗျာကိုနှစ်သက်ကူးမည်ဆိုလျှင်..ကဗျာရေးသူအမည်ထိကူးပြီးယူနိုင်သည်။ ။


အပြစ်ကင်းတဲ့ချစ်ခြင်း။ အပြစ်ကင်းစွာနဲ့ ချစ်ခြင်းကို တွေ့ဖို့ဆိုတာ တကယ့်ကို မလွယ်ကူလှပါဘူး ……….. အမုန်းတရား ……….. အရှုံးသမား ……….. စတဲ့ စကားတွေလည်း ကြားဘူး ကြမှာပေါ့ ……….. ဒါပေမယ့် အဲဒီ ဥပက္ခာ အသုံးအနှုန်းတွေ မပါပဲ ကိုယ်ချစ်သလောက် သူကပြန်ချစ်မှာ ရှိပါသေးတယ် ……….. အဲဒါ ……….. ဘာလဲ ……….. ? ကဗျာ…..တဲ့။ ကဗျာ.. ဆိုတာ နုတ်ခမ်းနီ ဆိုးစရာမလိုပဲ သူ ့အလှနဲ့ သူ ရှိထားတယ်။ ကဗျာ… ဆိုတာ မိတ်ကပ်သုံးစရာမလိုပဲ ……….. စိတ်ဓာတ်ကို တက်စေတယ်။ ကဗျာ…. ဆိုတာ ရေမွေးမလိုပဲ ……….. သင်းပျံ့လန်းဆန်း စေတတ်တယ်။ ကဗျာ……..ဆိုတာ မျက်လုံး နက်နက်ကလေး မဟုတ်ပေမယ့် […]


ကမာ္ဘဦး.အချစ် . အချစ်ရေ……… မင်းအတွက် အိမ်လေးတစ်အိမ်ဆောက်ထားတယ် ဟိုး…..တောင်ကုန်းလေးတစ်ခုပေါ်မှာပေ့ါ.. …….. အဲဒီတောင်ကုန်းလေးက မင်းကိုတစ်ခဏမေ့မိတိုင်း ကျောက်ခဲလေးတစ်လုံးပုံရာကနေဖြစ်လာတာလေ. မေ့တယ်ဆိုလို့တော့ စိတ်မကောက်ပါနဲ့အချစ်ရယ်………… ဟောဟို ဘက်က တစ်သွင်သွင်စီးနေတဲ့စမ်းချောင်းလေးမှာ လှေအတူလှော်ကြမယ်လေ…… အဲဒီစမ်းချောင်းလေးက မင်းကိုတစ်ခါလွမ်းတိုင်း…. ရေတစ်ပေါက်လောင်းရာကနေဖြစ်လာတာလေ…………… အဲဒီစမ်းချောင်လေး ရဲ့ဟိုတစ်ဖက်ကမ်းမှာ…..မျက်စိမဆုံးနိုင်အောင်ပွင့်နေတဲ့ ပန်းတစ်ခင်းရှိလေရဲ့…….. အဲဒီပန်းခင်းကတော့ မင်းအနမ်းတွေ တစ်ခါတမ်းတမိတိုင်း မင်းအတွက် မောင် ပျိုးခဲ့တဲ့ပန်းခင်းပေါ့ အချစ်ရယ်……………… အဲဒီပန်းခင်းထဲမှာ အချစ်ကို မပျင်းရအောင် တေးဆိုချော့မယ့် ငှက်ကလေးတွေရှိကြတယ်……… အဲဒီငှက်လေးတွေကတော့ မင်းလာရင်တေးဆိုပြဖို့ မောင့် အလွမ်းတွေအကြောင်းနေ့စဉ်နားထောင်လေ့ရှိတယ်……….. ဒါပေမယ့်အချစ်ရယ်………… မင်းမရှိတဲ့အိမ်ကလေးက ဆောင်းညလယ်တွေမှာ…… အချမ်းလွန်လို့ ညည်းရှာတယ်……. နွေရက်ရှည်တွေမှာတော့ သူရဲ့ အထီးကျန်မှုကို လူမသိအောင် ကြိတ်ငိုတက်တယ်………... စမ်းချောင်းကလေးကရော…. မင်းကိုမျှော်ရင်း….. ဆောင်းရက်တွေမှာအေးခဲခြင်းနဲ့ အသားမကျနိုင်လို့ မင်းကိုပဲ တမ်းတနေတယ် နွေရက်တွေမှာတော့ […]