Shwe Zin USeptember 7, 20101min991
ကျနော်တို့ မန္တလေးသားတွေဟာ တခြားမြို့သူမြို့သားတွေထက်စာရင် ကိုယ့်မြို့ကိုယ် အစွဲအလန်း တော်တော်ကြီး ကြတာတွေ့ရတယ်။ နောက်ပြီး မန္တလေးသား ဖြစ်ရတဲ့အတွက် ဂုဏ်ယူကြတယ်၊ ဘယ်ရောက်ရောက် မန္တလေးသား ဆိုတာကို မမေ့ကြဘူး၊ ကျနော်လည်း မန္တလေးသားဖြစ်တဲ့အတွက် အရင်တုန်းကတော့ ဂုဏ်ယူဘူးတယ်။ နောက်တော့ လူမျိုးစွဲ၊ ဒေသစွဲ တွေကြောင့် ကမ္ဘာကြီးမှာ ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေ၊ ပတိပက္ခတွေကို ကြည့်ပြီးတော့ လူမျိုးစွဲ၊ ဒေသစွဲတွေကို တတ်နိုင်သလောက် ဖျောက်ပြစ်ရမယ်ဆိုပြီး ကျနော် မန္တလေးသား ဖြစ်တာကို မေ့ထားတာတောင် အတော်ကြာခဲ့ပြီ။ ကျနော်တို့ မြန်မာပြည်မှာ မန္တလေးဟာ အရင်တုန်းကထိတော့ ဒုတိယမြို့တော် အခုတော့မသိတော့ဘူးဗျာ၊ ဘာမြို့တော် လည်းဆိုတာ၊ ဟား ဟား ခင်ဗျားတို့သိရင်တော့ ပြောကြအုန်းပေါ့။ တကယ်တန်း မန္တလေးဆိုတာ မြန်မာပြည်အလယ်ပိုင်းမှာ ရှိတဲ့ အညာရွာကြီးတရွာပါဘဲ၊ နိုင်ငံခြား […]