weiweiMay 9, 20123min22818
ပုဂံကိုရောက်တဲ့သူတိုင်း စွယ်တော်လေးဆူကို တစ်မနက်ထဲဖူးနိုင်အောင် ဘုရားဖူးအဖွဲ့တွေက စီစဉ်ပေးကြပါတယ်။ ကျွန်မတို့က ကိုယ့်အစီအစီနဲ့ကိုယ်မို့လို့ စွယ်တော် ၄ ဆူကို ၂ ရက်အချိန်ယူခဲ့ပါတယ်။ တန့်ကြည့်တောင်ကို သွားဖို့ မနက်စောစော ဗူးဘုရားကို အရင်သွားပြီး စက်လှေငှားရပါတယ်။ တစ်ယောက်ချင်းဆိုရင် အသွားအပြန်တစ်ထောင်ဖြစ်ပြီး စင်းလုံးငှားရင်တော့ အသွားအပြန် နှစ်သောင်းကျပ်ဖြစ်ပါတယ်။ ကျွန်မတို့က ၁ဝ ယောက်လောက်မို့လို့ စင်းလုံးပဲ ငှားလိုက်ပါတယ်။ တန့်ကြည့်တောင်ဘက်ရောက်တော့လဲ တောင်ပေါ်တက်မယ့်ကားတစ်စီး (townace) ငှားပြီး တက်ကြပါတယ်။ အတက်အဆင်း နှစ်သောင်းကျပ်ပေးရပါတယ်။ အရင်က ရောက်ဖူးတာထက် နဲနဲလေးလမ်းပိုကောင်းလာတယ်လို့ ထင်ရပေမယ့် ဆိုးတာတော့ ဆိုးနေတုန်းပါပဲ။ သင်္ကြန်ရက်မို့ ဘုရားပေါ်မှာ လူတွေကြိတ်ကြိတ်တိုးစည်ကားနေပါတယ်။ မနက်စောစောပေမယ့် ရင်ပြင်တော်ပေါ်မှာ အရမ်းပူနေတုန်းမို့ ခုန်ဆွခုန်ဆွနဲ့ ဓါတ်ပုံကောင်းကောင်းမရိုက်ဖြစ်ခဲ့ဘူး။ မရောက်ဖူးတဲ့သူတွေနဲ့ ရောက်ဖူးပြီးရင်လဲ အလွမ်းပြေ ကြည့်ရအောင် ပုံတွေကြိုးစားပြီး တင်ပေးလိုက်ပါတယ် […]


weiweiMay 3, 20122min986
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ တည်ရှိပါတယ်။ နှစ်စဉ် ဝါဆိုလပြည့်နေ့မှာ ငါးကြီးစာကျွေးခြင်းအခမ်းအနားပြုလုပ်ပြီး အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေ လာကြပါတယ်။ အရင်တစ်ခေါက်ရောက်တုန်းက ငါးကြီးစာကျွေးတဲ့အထိရောက်ခဲ့ပေမယ့် အခုတစ်ခေါက်မှာတော့ အချိန်မရတာရယ်၊ အရမ်းပူနေတာရယ်၊ သင်္ကြန်တွင်းဖြစ်နေလို့ ရေစိုမှာကြောက်တာရယ်ကြောင့် မသွားဖြစ်ခဲ့ပါဘူး။ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က တစ်ကြိမ်ရောက်ဖူးပြီး ယခုတစ်ကြိမ်ထပ်ရောက်တဲ့အခါ ပြောင်းလဲမှုတွေ အများကြီးရှိနေတာ သတိထားမိပါတယ်။ ရွှေရောင်တဝင်းဝင်းနဲ့ သန့်ရှင်းသပ်ယပ်နေတဲ့ ကျောင်းတော်ရာဘုရားကို မှတ်တမ်းတင်ဓါတ်ပုံရိုက်ခဲ့ပါတယ်။ မှတ်မှတ်ရရ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတာကတော့ သူတောင်းစားတွေရှိနေတာပါပဲ .. သပ်သပ်ယပ်ယပ် ဝတ်စားထားကြပြီး မသိမသာတောင်းစားနေကြတာဖြစ်ပေမယ့် အဆက်မပြတ် လိုက်တောင်းနေတာကတော့ စိတ်ရှုပ်စရာကောင်းလှပါတယ် ….