black chawMay 31, 20126min25138
သူကြီးက ဗင်းနစ်စ် ကမ်းခြေဆိုတော့ ဘလက်ကလည်း ဧရာဝတီပေါ့ဗျာ…။ ဘာရမလဲ…။ အမှန်တော့ ခရီးလေးဘာလေးသွားတိုင်း အပျော်တမ်းကင်မရာလေးကိုင်ကိုင်ပြီး လှတယ်ထင်တာလေးတွေလိုက်ရီုက်နေတတ်တာတော့ ကြာပါပြီ။ ဘာရယ်ညာရယ်မဟုတ် ကင်မရာလေးကိုင်ထားတော့လည်း လူရှိန်တာပေါ့ခင်ဗျာ…။ တစ်ခုတော့ ရှိတယ်ဗျ..။ အပျော်တမ်းကင်မရာလေးနဲ့ ဧရာဝတီကို အပျော်တမ်းရိုက်ပြီး အပျော်ကြံဖို့ထက် တကယ် အတည်ကြံဖို့ ကြိုးစားလိုက်တာပါ…။ အဲဒါကြောင့် ဧရာဝတီကို အတည်ကြံတဲ့ အပျော်တမ်းဘလက်လို့ ခေါင်းစဉ်တတ်ဖြစ်ပါတယ်။