moonpoemJune 21, 20121min25213
ငယ်စဉ်ကျောင်းတက်ခဲ့ရချိန်က နယ်မြို ့လေးတစ်မြို ့လေး ဖြစ်ခဲ့လိုပဲလား မသိ။ ကျောင်းတက်ချိန်၊ ကျောင်းဆင်းချိန် များမှာ လမ်းလျှောက်ပြန်သူ၊ စက်ဘီးစီးသူများသာရှိခဲ့ပြီး ကားလမ်းပိတ်တာတွေ မရှိခဲ့ပါဘူး။ ကျောင်းဆင်းချိန် ဆော့ကစားရင်းပြန်တဲ့ ကလေးတွေများတဲ့အတွက် ယာဉ်တိုက်မှုမဖြစ်အောင် စက်ဘီး၊ဆိုင်ကယ် သတိထားစီးရတာကလွဲလို ့စိတ်ညစ်စရာမကောင်းခဲ့ပါဘူး။ ခုများတော့ ….။အလုပ်အကိုင် ရေကြည်ရာမြက်နုရာဆိုပြီး ရန်ကုန်ပြောင်းလာလိုက်တာ မျက်စိပွင့်နားပွင့်တာလည်း ရှိသလို မျက်စိညစ် နားညစ်တာလည်း ရှိရဲ ့။ မြို ့ထဲကနေ အလုပ်ရှိရာ ဗဟန်းဘက်သွားရင် ကျောင်းတက်ချိန်ဆို နန်ယန်းကျောင်းရှေ ့ပိတ်မိ၊ ပြန်တော့ ဒဂုံ၁ဆင်းချိန်မှာ ပိတ်မိနဲ ့ဘယ်ဘဝကများသူများ သွားမယ့်လမ်းပိတ်ရပ်ခဲ့မိလည်း မသိပါဘူး။ ပြောင်းလာခါစကရန်ကုန်မှာ အခုလို ကားမပေါသေးတော့ ပိတ်မိပေမယ့် အမှုမဲ့ အမှတ်မဲ့ပါပဲ။ ဒီနှစ်တွေမှာ ကားတွေ တော်တော်ပေါလာတော့ လမ်းပိတ်တာ ပိုဆိုးလာတယ်။ ကြားဘူးသလောက်သူများနိုင်ငံတွေမှာ […]