TTNUOctober 14, 20111min16312
Best Teacher (15) အတန်းပိုင်ဆရာမ နှင့် ဒွေး အတန်းပိုင်ဆရာမ တစ်ယောက် ဘဝမှာ အင်မတန် မှတာဝန်ကြီးလှပါတယ်။ မိမိအတန်းရဲ ့ ကျောင်းခေါ်ကြိမ်စာရင်း၊ အချိန်ပိုင်း လူခေါ်စာရင်း၊ ကျောင်းလခစာရင်း၊ စာရင်းပြီး စာရင်း စာရင်းပုံထဲမှာနစ်နေမတတ်ပါပဲ။ ကျောင်းခေါ်ကြိမ်စာရင်း စာအုပ်ကို ကျောင်းအုပ်ကြီးဆီကို တစ်လတစ်ခါ တင်ရပါတယ်။ ဒီစာအုပ်ထဲမှာ ကျောင်းသားတွေရဲ ့ ကျောင်းဝင်အမှတ်၊ မွေးသက္ကရာဇ်၊ မိဘအမည်၊ နေရပ် လိပ်စာ၊ စသဖြင့် စုံလင်စွာ ရေးဖြည့် ထားရပါတယ်။ တစ်လကျောင်းတက်ရက် တွေ ကော်လံမှာ နံနက်တစ်ကြိမ်၊ ညတစ်ကြိမ်၊ အတွက် အခြစ် နှစ်ခြစ် ခြစ်ရပါတယ်။ ခွင့်ဆိုရင် (ခ)၊ ခွင့်မတိုင်ရင် (ခမ)၊ ရေးရပါတယ်။ လကုန်တဲ့အခါ စာရင်းရှိ ဦးရေ၊ ပျက်ကွက်ဦးရေ၊ […]