ယနေ့အချိန်ထိ လက်ရှိအစိုးရ နဲ့ သမ္မတကြီးတို့လုပ်ဆောင်ချက်တွေက ထင်သာမြင်သာရှိသောပြောင်းလဲမူတွေပါပဲလို့ဆိုနိုင်ပါတယ်…ကျန်တာကတော့ အတိတ်ကဖြစ်ရပ်ဆိုးတွေရဲ့နောက်ကို ဘယ်တော့မှပြန်မရောက်အောင်ထိမ်းသိမ်းဖို့ပဲလိုပါတယ်… အတိတ်ဆိုတာပြီးဆုံးခဲ့ပေမယ့် ရင်ထဲမှာတော့ သမိုင်းဆိုတာတင်ကျန်ခဲ့ပါတယ်…ပြီးခဲ့တာတွေအတွက် သင်ပုန်းချေပြီး ခွင့်လွှတ်လို့ရနိုင်ပေမယ့် ဘယ်တော့မှ မေ့ပစ်လို့တော့မရနိုင်ပါ။ ဒီအချိန်မှာ ပြန်လည်လွှတ်မြောက်ကြသူများအတွက် ဝမ်းသာကြည်နူးနိုင်ပေမယ့်၊ကျန်ရှိနေသေးတဲ့သူတွေအတွက် ဆက်လက်ပြီးလွှတ်မြောက်ရန်အတွက် ကြိုးပမ်းဖို့တော့လိုပါအုံးမယ်…အသက်ပေးပြီးစွန့်လွှတ်အနစ်နာခံသွားတဲ့လူတွေအတွက်တော့ သူရဲကောင်းဆိုတဲ့ ဘွဲ့နဲ့ပဲ ဖြေသိမ့်လိုက်ရမှာပါ… ကျနော်တို့တွေရှေ့ကို ဒီအတိုင်းခိုင်မြဲတဲ့စိတ်ဓါတ်တွေနဲ့ဆက်လက်ချီတက်ကြပါစို့…. ပြန်တွေးကြည့်ရင် အလွန်နှမြောဖို့ကောင်းတာက ပေးဆပ်သူတွေရဲ့ ကုန်ဆုံးသွားခဲ့တဲ့အချိန်တွေပါပဲ…အနှစ်(၂၀)ဆိုတဲ့ အချိန်ဟာ တိုင်းပြည်တစ်ခုကို ကောင်းစွာတည်ဆောက်ပြီးစီးနိုင်ပါတယ်…ကျနော်တို့ရောက်ရှိနေတဲ့ အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ စင်္ကာပူ၊မလေးရှား၊ဗီယက်နန် စသည့်တိုင်းပြည်များ ၊များစွာကျော်တက်သွားကြပါပြီ…နောက်ကနေ မှီဖို့ကိုအားသွန်ခွန်စိုက်ကြိုးစားနိုင်မှတော်ယုံကျမည်။ဘာသယံဇာတမှ မထွက်၊သောက်စရာရေတောင်မရှိတဲ့ နိုင်ငံ၊သူများတိုင်းပြည်တွေရဲ့ မြို့တစ်မြို့သာသာရှိတဲ့ စင်္ကာပူမှာ မြန်မာနိုင်ငံသားတွေအလုအယက် ကျွန်ခံနေရတာ အလွန်ပင်နှမြောဖို့ကောင်းလှပါတယ်…ကျနော်ရောက်ရှိစဉ်အချိန်က စင်္ကာပူမှာလူဦးရေ ၂ သန်းတောင်မပြည့်သေးပါဘူး…ကျုပ်တို့မှာ လူဦးရေ ၅၈သန်းရှိတယ်ထား၊ထားပါတော့ သန်း ၅ဝ ပဲရှိအုံးတော့…ကိုယ်လက်အင်္ဂါသန်စွမ်းသူက သန်း ၂ဝ ပဲရှိတယ်ဆိုရင်တောင် […]