မြသဲ ( 17082011 )October 1, 20131min35243
အင်းကျုပ်တို့မလဲ အခုတလော ဒုက္ခများချက်။ ဘယ်လိုဒုက္ခလဲဟုတ်လား။ တခြားဟုတ်ရိုးလား ကျုပ်တို့ရွာ မန်းဂေဇက်ပေါ့တော်။ သဂျီးဘာလုပ်တယ်မသိဘူး တချိန်လုံးရွာတံခါးပိတ်နေတာကလား။ :buu: ရွာတံခါးပိတ်ပြီး သူကရွာထဲမယ်ဘာလုပ်နေတယ်တော့ ကျုပ်လဲမသိပါဘူးတော်။ ထားပါလေအဲဒါသူ့ကိစ္စ။ ကျုပ်ကလဲ ကျုပ်ကိစ္စနဲ့ကျုပ်ပေါ့တော်။ ကျုပ်ကိစ္စဆိုတာကတော့ ကျုပ်ကရွာထဲဝင်ချင်တာတော့။ စပ်စုချင်တာ၊ အတင်းပြော ချင်တာရယ်။ အဲပြောရအုံးမယ်။ ကျုပ်ဆိုတာကတော့ ဒီမန်းဂေဇက်ရွာထဲကရွာသူ လမ်းဆုံကဂျမ်းဘုံပေါ့ရှင်။ ဟိုလူရီးကိုထွန်းနောင်ဆိုတဲ့ ဂျင်မလေးဂျမ်းတော့ဟုတ်ဘူးရယ်။ ကျုပ်ကတော့ရွက်ကြမ်းရေချိုလေးပေါ့တော် ( ဒါကတော့ကွကိုယ် ထင်တာပေါ့နော်ရယ် )။ 😀 ထားပါလေ။ ရွာထဲဝင်မရတာနဲ့ကျုပ်မလဲ အာသာပြေဆိုပြီး ရွာ့အပြင်ထိပ်နားမယ်ရှိတဲ့ ဇရပ်ကတုံးလေးဆီ ပြေးရသာပေါ့တော်။ အဲမှာတော့မဆိုးပါဘူး။ ရွာထဲဝင်ရတဲ့ရွာသူားတွေရော ဝင်မရတဲ့ရွာသူားတွေကော စုံပါ့တော်။ သတင်းပလင်းအတင်းအကုန်သိ ရသပေါ့ရှင်။ ဒါပေသိ သိကြတဲ့အတိုင်းဇရပ်ကတုံးလေးဆိုတော့ ဘယ်သူမှကြာကြာရွာနေပြည်ထိုင်ရှိတာ ဟုတ်ဘူးလေတော်။ ခဏတဖြုတ် စကားလေးတခွန်းနှစ်ခွန်း ဘာစားနေသည် ဘာဖတ်နေသည် အသီးကွဲနေသည် မင်ဂါချောင်ဒေါ့မည် […]