bigbirdJanuary 9, 20111min955
̏̏̏ အလှဆုံးသာပ အားလုံးရယ်တဲ့ငှက်များတွင် ရွှေဥဒေါင်းရယ်လို ့ ငြိမ့်ညောင်းတွန်သံသာလှ ဆန်းကြယ်စွာစိတ်ကြည်နူးအောင် ထူးတဲ့အသွင် နေမင်းနွယ်ဆွေဘုရားရယ်လို ့ ဝေတင့်တယ်အသရေခြားသည်ဟု ငွေများမှာတဲ့ တံဆိပ်တင် နမိတ်မြင်ကမင်္ဂလာရှိ မြန်မာနွယ် ကမ္ဘာဝယ်ထင်အလင်းသာပ ဆင်မြင်းဗိုလ်ပါရံလို ့ မြကတန်သီဟာစိုးစဉ်က ဒေါင်းအလံ စိုက်ကာထိုးကြတယ် ဖိုးထိုက်ပါဘိ။˝˝ ၅တန်းကျောင်းသားဘဝတုန်းက ကဗျာလေးကိုပြန်ပြီး သတိရမိလို့ ့မေ့နေတဲ့သူတွေအတွက် ရေးလိုက်မိပါတယ်။ လူတိုင်းအတိတ်ကိုမမေ့နိုင်ကြပါဘူး။ အမြဲတမ်းမဟုတ်ပေမယ့်တိုက်ဆိုင် တဲ့အခါတိုင်း ပြန်ပြီးသတိရတက်ကြပါတယ်။ ဒါနဲ ့ကျနော်လည်း အတိတ် ကိုပြန်သတိရမိတယ်ဆိုပါတော့။ ကျနော်က ၆နှစ်မှကျောင်းနေရပါတယ်။ ၅နှစ်ပြည့်ဖို ့ လအနည်းငယ်လိုနေသေးလို ့ကျောင်းအုပ်ကြီးက လက်မခံ ပါဘူး။ မှက်မှက်ရရ သူငယ်တန်းတုန်းက ကျောင်းမှာ တတိယဆု ရခဲ့ပါ တယ်။ အဲ့ဒီနောက်ပိုင်းတော့ ဘယ်လိုဖြစ်လဲမသိဘူး စာညံ့ခဲ့တာ ၄တန်း အထိပါပဲ။ ၈ […]