Nan ShinSeptember 3, 20111min915
ကျနော့်ဆရာ ဆင်ပေါက်ကပြောတယ်။အချစ် အကြမ်း အလွမ်းတွေနဲ့ တစ်ခဏတာ ဖျော်ဖြေမဲ့အစား အဖြစ် မှန် ရသမှန်တွေနဲ့ လောကရဲ့ထာဝရကောင်းကြိုးအတွက် သုတေသန ဆန်ဆန် စာပေးမျိုးတွေကို ဦးစားပေးရေးပါလားတဲ့။ သူပြောတော့လဲ ဟုတ်သားလို့လက်ခံမိတာနဲ့ရသကိုဘေးပုံပြီးသုတကိုဦးစားပေးရေးချယ်မိတယ်။ရသလေး ရေးနေတုန်းကမှ ဘာရယ်မဟုတ် “အားပေးသွားပါတယ်”ဆိုတာမျိုးလေးကို အားနာပါးနာ ပြန်ခြင်းခပ်ခံရဘူးသေး။ခုတော့ သေပြီ ဆရာလို့တောင် ထအော်ရတော့မဲ့ အပေါက်မျိုး။ ဘယ်သူဆို ဘယ်သူမှမဖတ်တော့တာလေ။လူအများလက်ခံတဲ့ စာကိုလက်မခံတဲ့ဆရာနဲ့ ဆရာအကြိုက်ကို လက်မခံတဲ့လူအများ ။အဲ့ဒိကြားမှာ ဟိုမဟုတ် ဒီမဟုတ်ကျနော့်အတွက် မြိုးမြိုးမျက်မျက် အရှုံးလေလား အရှုံးထဲက အမြတ်လေးလား ဘာမှန်းမသိတဲ့ သင်္ခန်းစာတစ်ခု ကောက်ရလိုက်တယ်။ အဲ့ဒါက …………..ကိုယ်ပိုင်ဦးနှောက်မှ မရှိတဲ့ ငါ ပုဇွန်ဖြစ်တာတောင် ကံကောင်းသေး……..ရယ်လို့…….။