Zaw WonnaSeptember 3, 20101min1065
မြန်မာနိုင်ငံက ကုန်ပစ္စည်း အတုတွေ အကြောင်းနဲ့ ပတ်သက်ပြီး နည်းနည်း ပြောချင်လို့ပါ။ မြန်မာနိုင်ငံဟာ တော်တော်လေးကို အတုပေါတဲ့ နိုင်ငံပါ။ ပြည်ပနိုင်ငံတွေက တင်သွင်းလာတဲ့ ပစ္စည်း အတုတွေ အပြင် ပြည်တွင်းမှာ ထုတ်လုပ်တဲ့ အတုတွေကလည်း အများကြီးပါ။ ပစ္စည်းတစ်ခု နည်းနည်းလေး လူသုံးများလာတာနဲ့ အတုတွေ ထွက်လာတော့တာပဲ။ ဒီကြားထဲ နေ့စဉ် စားသုံးနေတဲ့ ဟင်းသီးဟင်းရွက်၊ သားငါးလို ကုန်ပစ္စည်းတွေကို ပုံမှားရိုက်၊ အလေးခိုးပြီး ရောင်းတာမျိုး ရှိသေးတယ်။ ထားပါတော့လေ၊ ဒါတွေက မြန်မာပြည်က လူတိုင်းသိကြတဲ့ ကိစ္စပါ။ အခု ကျနော်ပြောမှာက ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အကြောင်းအရာပါ။ ရန်ကုန်မှာ ကျနော်သိတဲ့ အိမ်တစ်အိမ်ဟာ အရင်တုန်းကတော့ သနပ်ခါးလုပ်ငန်းကို လုပ်ပါတယ်။ အသင့် ရေဖျော်ပြီး လိမ်းရတဲ့ သနပ်ခါးတွေပေါ့။ […]