တကယ်တော့ တက္ကသိုလ်ဝင်တန်းဟာ ဘဝမှာ အရေးပါဆုံးနေရာတစ်ခုမဟုတ်ပေမယ့် မိမိရည်မှန်းချက်ဆီ ရွေးချယ်တက်လှမ်းဖို ့ လှေကားထစ်တစ်ခုပါ။လက်ရှိ မြန်မာနိုင်ငံ၏ ပညာရေးစနစ်အရ အရှုံးမရှိ အအောင်ပေးစနစ်အရ နောက်ဆုံးပိတ် တက္ကသိုလ်ဝင်တန်းမှာ ပိတ်မိနေသူ၊ကျောင်းထွက်သွားသူ အတော့်များများရှိနေပါတယ်။ တက္ကသိုလ်ဝင်တန်းမှာ ဘာသာစုံဂုဏ်ထူးတွေ၊(၅)ခု၊(၄)-(၃)-(၂)-(၁)ခု၊ရိုးရိုးအောင်ဆို ပြီး အသီးသီး အရည်အချင်းအလိုက်ခွဲထွက်သွားပေမယ့်၊လက်ရှိပညာရေး စနစ်တွေအရ တက္ကသိုလ်ဝင်တန်း ရမှတ်တွေနဲ ့သက်မွေးတက္ကသိုလ်တွေ ဆက်လက်ရွေးနေရအုံးမှာပါ။ ကျနော် ဒီပို ့စ်ကို ရေးရတဲ့ရည်ရွယ်ချက်က တက္ကသိုလ်ဝင်တန်းကိုထူးချွန်စွာအောင်မြင်ခဲ့ ဖူးသူ များဖြစ်ကြတဲ့၊သံတွဲသားစစ်စစ်များထဲက ကျောင်းသား(၄)ယောက်အကြောင်းကိုပါ။ တက္ကသိုလ်ဝင်တန်းကို ပြည်နယ်အဆင့် ပထမရဖူးသူ သံတွဲသား  ကျောင်းသား(၄)ဦးဘဲရှိပါ တယ်။ထူးထူးခြားခြား အားလုံးသူ ယောကျာ်းလေးများဖြစ်နေပါတယ်။ (၁) ၁၉၉၈-၉၉ပညာသင်နှစ် မောင်သန်းထိုက်စိုး(ယခု ဒေါက်တာ သန်းထိုက်စိုး) -ရမှတ်(၄၀၉)မှတ် (၂)၂၀၀၀-၀၁ပညာသင်နှစ် မောင်သန်းထွဋ်ဦး -ရမှတ်(၄၃၂)မှတ် +++++++++++++++++++++++++++++++++++++++++++++++++++ (၃)၂၀၀၉-၁ဝပညာသင်နှစ် မောင်ဇေယျာထွန်း(3rd M.B.B.S ဆေးမကွေး) -ရမှတ်(၅၄၂)မှတ် (၄)၂၀၁၁-၁၂ […]