ကြောင်လေးSeptember 26, 20111min1235
ရှင်သန်မှုကိုဖျက်စီးခြင်း   ငါ့နှလုံးသားကညှစ်ထုတ်လိုက်တဲ့သွေးစီးကြောင်းပေါ်မှာ မင်းတို့ ကူးလူးသွားလာကြ၊ စီးပွားဖလှယ်ကြ။ ငါ့ရဲ့သွေးတွေကို မင်းတို့ ခပ်ယူသောက်သုံးကြ၊ သက်ဆက်ရှင်သန်ကြ။ ငါ့ရဲ့သွေးတွေနဲ့ မင်းတို့အညစ်အကြေတွေကို  ဆေးကြောသန့်စင်ကြ။ ငါ့ရဲ့သွေးကြောထဲ စီးမျောနေတဲ့သတ္တဝါတွေကို မင်းတို့ဖမ်းယူစားသုံးကြ၊ ရောင်းဝယ်ဖောက်ကားကြ။ ငါ့ရဲ့သွေးကြောထဲ မျောပါလာတဲ့ရတနာတွေကို မင်းတို့ထုတ်ယူသုံးစွဲကြ၊ ဝတ်ဆင်ဂုဏ်ယူကြ။ ငါ့ရဲ့ ခန္တာကိုယ်ပေါ် မင်းတို့ရပ်တည်နေထိုင်ကြ၊  မျိုးဆက်ပြန့်ပွားကြ။ ငါ့ရဲ့သွေးတွေက စုစောင်းပို့ချထားတဲ့ အဆီအနှစ်တွေပေါ် မင်းတို့စိုက်ပျိုးစားသောက်ကြ။ ငါ့သွေးကြောမွှာတွေကသွေးတွေနဲ့ မင်းတို့စားသုံးတဲ့အပင်တွေကို  ရှင်သန်ကြီးထွားစေကြ။ မင်းတို့ရဲ့ ရပ်တည်နေထိုင်ရေး၊ရှင်သန်ကြီးထွားရေး ဖွံ့ဖြိုးတိုးတက်ရေးတွေအားလုံး ငါ့ရဲ့သွေးနဲ့မကင်းကြ၊ငါ့ရဲ့အသွေးပေါ်မှီခိုကြ။ အခုတော့ ငါ့နှလုံးသားအဝကိုပိတ်ဖို့လုပ် ငါ့သွေးအား  ကိုအမြတ်ထုတ် နှေးကွေးအောင် မင်းတို့လုပ်နေကြတယ်။ ငါ့ကျန်းမာရေးချုချာသွားရင် မင်းတို့ရဲ့ ရပ်တည်မှုတွေ ခက်ခဲသွားမှာ…. ငါသေသွားဆုံးရင် မင်းတို့ရဲ့ရှင်သန်မှုတွေသေဆုံးသွားမှာ….. မင်းတို့ မသိလေရော့သလား၊မတွေးမိလေရော့သလား။ ကြီးမားလှတဲ့မင်းတို့ရဲ့အတ္တ ငါဘယ်လိုမှ မမှန်းဆတတ်တော့ပါတကား။     ။