ကျနော်တို့ မြန်မာလူမျိုးဗုဓ္ဒဘာသာဝင် တိုင်းလက်ခံယုံကြည်ထားကြတာက သံသရာဆိုတာရှိတယ်။အတိတ်ဘဝဆိုတာတွေကိုလည်းလက်ခံထားကြတယ်။ဒီနေရာမှာ အငြင်းပွါးဖို့အတွက်မယူဆစေလိုပါ၊ကျနော်ရဲ့ ယူဆချက်ထင်မြင်ချက်များသာဖြစ်ပါတယ်။စာဖတ်သူတို့အနေနဲ့ လွတ်လတ်စွာတွေးခေါ်ယူဆနိုင်ကြပါတယ်။ အထုံဆိုတာဘာလဲ….အတိတ်ကမိမိပြုခဲ့သော စေတနာကုသိုလ်တွေကြောင့် ယခုဘဝမှာကောင်းသောအထုံပါခဲ့တယ်။ထို့ကြောင့် နောင်ဘဝထိ ကုသိုလ်ကံများကောင်းအောင်ယခုဘဝ၌ကုသိုလ်ကောင်းမူများ ပြုလုပ်ကြမယ်။အဲဒီမှာ ဥပုတ်သီလများဆောက်တည်တယ်၊ဒုလ္လဘရဟန်း သာမဏေတွေဝတ်ကြတယ် ဒါဆိုရင်နောင်ဘဝအတွက် အထုံပါပီလား၊ဘယ်လောက်ထိပါနိုင်သလဲ… အထုံဆိုတဲ့သဘောက ပွါးများတာ၊ကျင့်ကြံအားထုတ်ခဲ့သည်များကို ထပ်ခါတလဲလဲ ပွါးများအားထုတ်သည်ဟုဆိုလိုတာပါ။မိမိပြုခဲ့သော ကုသိုလ်တွေကို ထပ်ခါထပ်ခါ ကြံသိ၊ပါွားများမှသာကောင်းသော အထုံဖြစ်နိုင်ပါတော့မည်။ မိမိတို့တစ်ကြိမ်တစ်ခါပြုခဲ့ဘူးသော ကောင်းမူကုလိုလ်ကို အကြိမ်ကြိမ်အဖန်ဖန်ပွါးများနေလျှင်လဲ ကောင်းသောအထုံပါမည်ဖြစ်ပါတယ်။ ဒါန၊သီလ၊ဘာဝနာ စတဲ့ကောင်းမူကုလိုလ်တွေကို တစ်ခါပင်ဖြစ်စေ။စိတ်စင်ကြယ်စွာ၊သီလစင်ကြယ်စွာ၊ဘာဝနာတရားများအားထုတ်ခဲ့ပီး၊ထိုပြုခဲ့သော ကောင်းမူအား အကြိမ်ကြိမ်သတိရအောင့်မေ့ ပွါးများနေမယ်ဆိုရင် အကြိမ်ကြိမ်ကုသိုလ်တရားများရရှိနေမှာပါပဲ။ကျနော်တို့သည်များသောအားဖြင့် ကောင်းမူကုသိုလ်များကိုအကြိမ်ကြိမ်ပြောဆိုသတိရနေခြင်းထက် မကောင်းမူတွေကိုသာ အကြိမ်ကြိမ်ပြောဆိုဂုဏ်ယူတတ်ကြပေသည်။ အသက်(၂၀)ဝင်းကျင်ရှိလူငယ်လေးတစ်ဦးသည် သူများတွေထက်အရက်ပိုသောက်နိုင်ကြောင်း၊ထစ်ခနဲဆိုရင် ရိုက်ပီးသားပဲ၊ဘယ်လိုမိုက်ခဲ့တာကွ။သူဘယ်လောက်မိုက်ကြောင်းကိုသာ အကြိမ်ကြိမ်ပြောဆို အောင့်မေ့သိရစွာနေမယ်ဆိုရင် မကောင်းသောအထုံတွေပဲသူ့ဆီမှာကိန်းကောင်းနေမှာပါ၊မကောင်းသောအထုံတွေပဲ ပွါးများနေသလိုပါပဲ။ကျနော်လည်းတစ်ချိန်က ယစ်မူးအပျော်ကြူးသူတစ်ပါပဲ၊အမှားနဲ့အမှန်ကိုခွဲခြားသိလာတဲ့ အချိန်ကစပြီး မိမိပြုခဲ့ဘူးသောအမှားတွေနောင်တတွေကို ညီငယ်ညီမငယ်များအားပြန်လည်၍မျှဝေ အသိပေးခြင်းသာဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ သမ္မပ္ပဓာန် တရား (၄)ပါးမှာ.. […]