manawphyulayJanuary 16, 20121min22135
ဟော… လာပြီ မနော တစ်ယောက် အဝေးကို မျှော်ကြည့်ရင်း စိတ်ထဲက ရေရွတ်လိုက်မိသည်။ လည်ပင်းကြောတွေထောင်၊ မျက်စိတွေ ညောင်းနေပြီး ခြင်းကိုင်ထားတဲ့လက်ကလည်း လက်အံသေနေအောင် မျှော်နေရတဲ့အချိန်မှာ ကိုယ်စီးမယ့်ကား လာတာတွေ့တော့ ဝမ်းသာသွားမိသည်။ ဒီနေ့ ရုံး စောစောသွားမယ်ဆိုမှ ဘာကားမှမလာတော့။ လာတဲ့ကားတွေကလည်း မရပ်နဲ့။ ဒါကြောင့် ဘာကားပဲဖြစ်ဖြစ် လိုက်မယ်လို့ ဆုံးဖြတ်ထားပြီးသား။ အခုလာနေတဲ့ကားက နှစ်ရာ ပေးစီးရတဲ့ “အထူးကား”ပေါ့။ အထူးကားဆိုတဲ့အတိုင်း အဲယားကွန်းပါတယ်။ တီဗွီပါတယ်။ လက်မှတ်ပေးတယ်(တစ်ခါတလေ စစ်ဆေးရှိရင်ပေါ့)။ ထိုင်ခုံတွေကလည်း ဆိုဖာခုံတွေလေ။ ခုနောက်ပိုင်းတော့ ကော်ခုံတွေပြောင်းလဲကုန်ပြီ။ ဒီတော့ ရိုးရိုး ငါးဆယ်၊ တစ်ရာပေးစီးရတဲ့ ကားတွေထက်သာတယ်။ စမတ်ကျကျ စီးရမယ်။ မြန်လည်း မြန်တယ်(ကားချင်းပြိုင်တဲ့အချိန် ပြောတာပါ။ ကျန်တဲ့အချိန်ဆို လိပ်ကတောင် အဘ ခေါ်ရလောက်တယ်။ ကားပေါ်ကဆင်းပြီးတောင် […]