ယနေ့ခေတ်ကာလ ကမ္ဘာလောကကြီးထဲမှာ ထူးထူးဆန်းဆန်းလုပ်ပြရင် လူတွေစိတ်ဝင်စားပြီး လူထင်ကြီးမူကိုခံယူချင်ကြတာပဲလား…(ဒါမှမဟုတ်)စိတ်ကူးအသစ်တွေကိုဖန်တီးနေကြတာလားဆိုတာ မိမိကိုယ်တိုင်ဝေခွဲလို့မရနိုင်တော့ပါ… အဖြစ်ကဒီလိုပါ….ဒီနေ့မနက် နံနက်စာစားရင်း လက်ထဲကိုရောက်လာတဲ့ မြန်မာ့မိတ်ဆွေအားကစားဂျာနယ် Vol-2,No.122 (9.12.11)မှာပါလာတဲ့ သတင်းလေးတစ်ခုပါ၊ ကိုရီးယားသူလေး မီရူကင်မ်ဟာညစ်ပတ်တာ သိပ်ရွံတတ်တဲ့သူပါ၊ဒါပေမယ့်သူမရဲ့စိတ်ကူးတွေက တလွဲကို ရောက်သွားတယ်လို့ ဆိုရပါမယ်၊သူမဟာ အမေရိကန် နယူးယောက်မြို့ ကိုလံဘီယာတက္ကသိုလ်မှာ ဆေးပညာသင်ကြားနေတဲ့ ဆေးကျောင်းသူတစ်ဦးပါ၊ကင်မ် ဟာဝက်ထီးနဲ့ဝက်မနှစ်ကောင်နေတဲ့ ညစ်ပတ်နံစော်လှတဲ့ ဝက်ခြံမှန်လုံခန်းထဲမှာ အဝတ်အစားမပါပဲ နာရီပေါင်း(၁၀၄)ကြာအောင်နေထိုင်သွားခဲ့ပါတယ်၊စားချိန်ရော၊အိပ်ချိန်ပါ အဲဒီဝက်ခြံထဲမှာပါနေထိုင်စားသောက်ခဲ့ပါတယ်၊သူမကတော့ သူဒီလိုအပြုအမူတွေဟာ သူ့အတွက်တကယ့် ဟဲဗီးမက်ပါပဲတဲ့၊ကျွန်မဟာ ဝက်တွေကိုချစ်ပါတယ်၊ကျွန်မကိုလည်း ဝက်တွေက ချစ်ကြမှာပါလို့ဆိုပါတယ်၊သူမရဲ့ အပြုအမူတွေကို လာရောက်ကြည့်ရူသူတွေက လက်ခုတ်ကြီးပြီးအားပေးကြပါတယ်တဲ့။ ကဲရွာသူရွားသားအပေါင်းတို့ရော ဘာကြောင့်လို့ထင်မိပါသလဲဗျာ… မူရင်းလင့်ကိုအောက်မှာရေးသားဖေါ်ပြပေးထားပါတယ်…။ www.dailmail.co.uk/news/articale-2069002/Art-Basel-2011-Muri-Kim’s-The-Pig-Therefor-I-Am-Exhibit.html