ကမာ္ဘ့ဂင်းနစ်အဖွဲ့ချုပ်ကြီးမှ ယခုနှစ်အတွက် ကမာ္ဘ့စံချိန်သစ်များကို ထုတ်ပြန်လိုက်ပါသည်။ ထူးခြားချက်မှာစံချိန်သစ်များအားလုံးကို မြန်မာနိုင်ငံမှ အားလုံးကိုရရှိသွားခြင်းဖြစ်သည်။ ဤသည်ကိုက ကမာ္ဘစံချိန်သစ်ထပ်မံတင်လိုက်ပြန်သည်။ ၎င်းစံချိန်သစ်များမှာ…. ( ၁ ) အာကာသထဲမှကြည့်လျှင် မြန်မာနိုင်ငံအား ကမာ္ဘ့အခြားနိုင်ငံများကြားထဲတွင် ထင်ရှားစွာမြင်တွေ့နိုင်သောတစ်ခုထဲသာရှိသော နိုင်ငံအဖြစ် ကမာ္ဘ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။ ရွေးချယ်ရသော အကြောင်းအရင်း။    ။မီးများ ထိန်ထိန်လင်းနေသော ကမာ္ဘ့အခြားနိုင်ငံများကြားထဲတွင် မှောင်မဲနေသောကြောင့် အခြားနိုင်ငံများကိုကျော်လွန်ပြီး အာကာသထဲမှကြည့်လျှင် မြန်မာနိုင်ငံအား ဂုဏ်ယူဖွယ်ရာ ထင်ရှားစွာ                  မြင်တွေ့ရခြင်း ရွေးချယ်လိုက်ရခြင်းဖြစ်သည်။ ( ၂ ) ကမာ္ဘ့အကောင်းဆုံး အလုပ်အကိုင်အဖြစ် မြန်မာနိုင်ငံ၏ အစိုးရအဖွဲ့ ဝန်ကြီးရာထူးများအား ကမာ္ဘ့စံချိန်သစ်အဖြစ်ရွေးချယ်လိုက်သည်။ ရွေးချယ်ရသော အကြောင်းအရင်း။    ။ဝင်ငွေအလွန်ကောင်းပြီး ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်လို့ရပြီး ၊ တာဝန်လည်းယူစရာမလိုသော ကြောင် […]