ဒီကိစ္စ ပို့စ်တင် ဆွေးနွေးတာ ကျနော်က လူ့အခွင့်အရေး၊ ဥပဒေရေးရာတွေ သိ တတ် နားလည်လွန်းလို့ရယ်လို့ မဟုတ်ပါ ကိုယ့်စိတ်ထဲ မရှင်းတာလေးကို ရွာထဲက ကိုယ့်ထက် အသိပညာ ဗဟုသုတ အတွေ့အကြုံ ရှိသူများက ဘယ်လို ပြောပြနိုင်မလဲ သိချင်လို့ မေးတဲ့သဘော အစဆွဲထုတ်ကြည့်တဲ့ သဘောပါဗျ။ (သေချာသိပြီးသွားရင် ချက်ကျလက်ကျ ပြန်ပြောလို့ရအောင်လို့ပေါ့) သိကြတဲ့ အတိုင်းပဲ.. ကျနော်တို့ နေပြည်တော်ကြီးမှာက မင်းစိုးရာဇာ ပွဲလမ်း အခမ်းအနားတွေကများတာကလား..။ တော်ကြာ ဘုရားပွဲ ထီးတင်ပွဲ၊ ဟိုဟာဖွင့်ပဲ ဒါပိတ်ပွဲနဲ့။ ပြည်ထောင်စုပွဲလည်းပါရ၊ အားကစား လမ်းလျှောက်ပွဲလည်း ပါရပေါ့။ ကျနော်တို့ခမျာလည်း သူ့ဆန်စား ရဲရတဲ့သူတွေဆိုတော့ကာ  တစ်ရုံးကို အင်အား ၅၀၊ ၁၀ဝ ဆိုတာမျိုး တောင်းတတ်လေတော့ကာ ပါရပြီပေါ့။ ၂၀၁၃ မှာ […]