“အမြတ်စား(ပဒုမ္မနီမိန်းမ)တို ့၏လက္ခဏာ”             (၁)လဝန်းကဲ့သို ့သောမျက်နှာရှိ၏။ (၂)ညက်ညောသော အသားအရေရှိ၏။ (၃)တောက်ပဖြူစင်သော သွားရှိ၏။ (၄)ခြေဖဝါး၊လက်ဖဝါး ပြည့်ဖြိုး၏။ (၅)ဆံပင် နက်မှောင် ရှည်လျားကောင်းမွန်ခြင်းရှိ၏။ (၆)လည်ပင်းတွင် အရေးအရစ် သုံးခုရှိ၏။ (၇)သားမြတ်ကြီး၏။ (၈)ဟင်္သာကဲ့သို ့သွားလာတတ်ခြင်းမျိုးရှိ၏။ (၉)အသံဩဇာသာယာမှုရှိ၏။ (၁၀)မိဘဆရာသမားတို ့အပေါ်ရိုသေလေးစားမှုရှိ၏။ (၁၁)လင်ယောကျာ်းအားချစ်ခင်ရိုသေ၏။ (၁၂)မကောင်းမှုကိုရှောင်ကြဉ်၍ ကောင်းမှုကို ပြုတတ်၏။ (၁၃)အရှက်တရား ကြီးမား၏။ (၁၄)ကြောက်ရွံ ့လေးစားထိုက်သူကို ကြောက်ရွံ ့၏။ (၁၅)ပညာအရည်အချင်း၊ရုပ်ရည်ချောမောလှပမှုနှင့်ပြည့်စုံ၏။ (၁၆)ပဒုမ္မာကြာကဲ့သို ့ကိုယ်နံ ့ရှိ၏။ (၁၇)ကိုယ်အရသာချို၏။ (၁၈)မာတင်္ဂ ကဲ့သို ့ကြည့်ခြင်းမျိုးရှိ၏။ (၁၉)ကိုယ်သည် ချမ်းသောအခါနွေး၍ ပူသောအခါအေး၏။               “အကောင်းစား(စိတ္တရနီမိန်းမ)တို ့၏လက္ခဏာ” (၁)ရယ်ရွှင်မြူးထူးခြင်းများရှိ၏။ (၂)ခိုပေါက်ကဲ့သို ့အသံရှိ၏။ (၃)လိပ်ကဲ့သို ့သွားလာမှုမျိုးရှိ၏။ […]