Lightning cristalJuly 26, 20111min41720
အိမ်တစ်အိမ်မှာသူငယ်ချင်းအပျိုကြီး(၃)ယောက်စုနေကြတယ်။တစ်ယောာက်ကfashion designer၊တစ်ယောက်ကmanager၊တစ်ယောက်ကauthoress(စာရေးဆရာမ)။ နံနက်စောစောလူသူူူရှင်းချိန်မှာကောာာာင်လေးတစ်ယောက်ကိုသူူတိို့ကားးနဲ့တိုက်မိတယ်။ကောင်လေးကမေ့သွားတယ်။သူတို့ကလည်းသူများတွေကိုမသိစေချင်တော့သူတို့အိမ်ကိုခေါ်သွားကာအနားယူခိုင်းလိုက်တယ်။ ကောင်လေးကနိုးလာတော့အတိတ်မေ့ချင်ယောင်ဆောင်ပြီးသူတို့အိမ်မှာတောက်တိုမယ်ရလုပ်ရင်းနေလိုက်တယ်။fashion designerကကတ်စေးနဲတယ်။ဒါကြောင့်ရည်းစားနဲ့ကွဲခဲ့ရတယ်။managerကမေ့တတ်တယ်။ဒါကြောင့်ရည်းစားမရှိအပျိုကြီးဖြစ်နေတယ်။authoressကတော့ရည်းစားမရှိယခုထိအပျိုကြီးပေါ့။ ကြာလာေတော့ အိုးချင်းထားအိုးချင်းထိ၊ကြိုးချင်းထားကြိုးချင်းငြိ  ဆိုသလိုအပျိုကြီး(၃)ယောက်ဟာကောင်လေးအပေါ်မှာစိတ်ယိုင်လာတယ်။တစ်ယောက်နဲ့တစ်ယောက်အကျင်္ီအပြိုင်ဝယ်၊မုန့်အပြိုင်ဝယ်ကျွေးရင်းပြိုင်လာကြတယ်။(ကောင်လေးနဲ့ပတ်သက်လို့ပေါ့) တစ်နေ့ပိတ်ရက်ညမှာသုံးယောက်စုံကာစောင်းပြောရင်းစကားများကြကာဆူညံသွားတယ်။ထိုအချိန်မှာကောင်လေးနဲ့ဂျီးတော်တို့ဟာစကားများတဲ့နေရာကိုရောက်လာတယ်။အမှတ်မထင်တော့ မီးဖိုကိုရေနဲ့ငြိမ်းလိုက်သလို မီးကဖျက်ခနဲပျက်သွားတယ်။အားလုံးကလည်းငြိမ်သက်သွားတယ်။ဒီအချိန်မှာkissပေးသံလည်းပေါ်လာတယ်။kissသံနဲ့အတူပါးရိုက်သံလည်းထွက်ပေါ်လာတယ်။မီးပြန်လာတော့ကောင်လေးကရှက်ပြီးတော့သူ့အခန်းကိုပြန်သွားတယ်။ သူတို့အားလုံးကတော့ရင်တုန်ရင်းကျန်ခဲ့တယ်။ကောင်လေးကသုံးယောက်စလုံးကိုနမ်းလိုက်တာလား။သုံးယောက်စလုံးကကောင်လေးကိုပါးရိုက်လု်က်တာလား။ဘယ်သူ့ကိုနမ်းလိုက်သလဲ။ဘယ်သူကပါးရိုက်လိုက်သလဲ။   မကြာမီလာမည်မျှော် အဖြေမှန်ကု်ဒီခေါင်းစဉ်နဲ့ပဲပို့လိုက်ပါမယ်။