black chawNovember 15, 20121min51351
(နိဒါဏ်း) ကျွန်တော် စဉ်းစားနေတယ်…၊ အပြန်ပြန်အလှန်လှန်ကိုစဉ်းစားနေမိတယ်…၊ မိန်းမတစ်ယောက်ရဲ့ဘဝမှာ အနမ်းတစ်ပွင့်က ဘယ်လောက်အရေးပါသလဲဆိုတဲ့ ကိစ္စကိုပါ…။ အထူးသဖြင့် ရုပ်ရှင်မင်းသမီးတစ်ယောက်ရဲ့ ဘဝမှာပေါ့…။ ငယ်ငယ်တုန်းကလို အာဘွားဆိုပြီး ပါးထိုးပေးလာသူတိုင်းကို အလွယ်တကူ နမ်းလိုက်လို့မရနိုင်တော့တာကိုတော့ ကျွန်တော်လည်းနားလည်ပေးနိုင်ပါတယ်…။ ဒါပေမယ့်ပေါ့ဗျာ… သရုပ်ဆောင်မင်းသမီးတစ်ယောက်ရဲ့ဘဝမှာ… ချစ်ခြင်းလုံးဝမပါတဲ့…၊ ဒါမှမဟုတ် ရမက်ကင်းစင်တဲ့…၊ ဒါမှမဟုတ်ပြန်သေးရင်လည်း အလုပ်သဘောအနေနဲ့…၊ မင်းသားတစ်ယောက်ကို ဟန်ဆောင် နမ်းရှိုက်လိုက်ဖို့ ဘယ်လိုအရာကများ ခက်ခဲစေခဲ့တာပါလိမ့်…။ အဲဒါကို…ကျွန်တော်စဉ်းစားနေတာပါ…။ (စာကိုယ်) အကယ်ဒမီ သက်မွန်မြင့် ကတဲ့…။ ပုညခင် ရဲ့ ဝတ္ထုကို ဒါရိုက်တာဝိုင်းရိုက်မယ့် “ကျွန်မက နှင်းဆီပါမောင်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ မင်းသမီးအဖြစ်သရုပ်ဆောင်ခွင့်ရထားရာက အဲဒီ အနမ်းတစ်ပွင့်ကြောင့်ပဲ မင်းသမီးနေရာကို စွန့်လွှတ်သွားခဲ့တယ်တဲ့…။ နည်းနည်း စိတ်ဝင်စားအောင် ကြော်ငြာဝင်ရရင် မင်းသားနေရာက သရုပ်ဆောင်မှာက အကယ်ဒမီ အိန္ဒြာကျော်ဇင် ကြီးရဲ့ခင်ပွန်း…အကယ်ဒမီပြေတီဦး […]