“ငြမ်းဆင်ပေးရမည့် အတွေးနုလေးများ”(အနာဂတ်ကောင်းကင် ၂နှစ်ပြည့်-ဒုတိယဆုရ)   (အချိန်နှင့်တပြေးညီ Reply မလုပ်နိုင်ပါက ခွင့်လွှတ်ပေးကြဖို့ လေးစားစွာကြိုတင်တောင်ပန်အပ်ပါသည်။)   “မေမေ..ပီတာပန်ကဘာလို့ပျံနိုင်တာလဲ” “အရိပ်ရှိလို့ပေါ့…” “စူပါမင်းနဲ့စပိုက်တာမင်းကကောဟင်” “ဝတ်စုံတွေရှိလို့ပေါ့သားရာ..မင်းလည်းကြည့်နေရတာပဲ..ဒီမှာ မေမေကျောက်တွေကြည့်နေတယ် ခဏခဏလျှောက်မမေးစမ်းနဲ့” စိုးလေးရဲ့မသိနားမလည်တဲ့အမေးကို ကြည်ဝေဖြေနေပုံအားကြည့်လျက် ရီရီစိတ်ပျက်သွားမိသည်။ မိမိအလုပ်မအားတာနဲ့ပဲ ကလေးအမှတ်မှားစရာတွေဖြစ်အောင် စိတ်ကူးယဉ်ဇာတ်လမ်းထဲက အတိုင်း အလိုက်သင့်ဖြေနေသော ကြည်ဝေကို အားမလိုအားမရဖြစ်နေပေမယ့် သူတို့သားအမိ ကြားထဲ ဆရာမကြီးဝင်ဝင်လုပ်တယ် ဆိုပြီး မောင်လေးကိုတိုင်မှာစိုးတာကြောင့် ရီရီဘာမှဝင်မပြော တော့။ ယောင်းမတော်ကြည်ဝေက နေရာတကာ အစိုးရိမ်ကြီးစွာ ဝင်ပြောတတ်၊သတိပေးတတ်သော ရီရီ့ကိုလုံးဝအမြင်မကြည်တတ်။   “အကို့အစ်မက နေရာတကာ ဆရာမကြီး ဝင်ဝင်လုပ်တယ် သစ်ထုတ်ရုံးမှာလုပ်လို့သာပဲ ကျောင်းဆရာမသာ ဆိုရင် ကြည်တို့နေစရာတောင်ရှိမှာမဟုတ်ဘူး” ဆိုပြီးမောင်လေးထံပြောနေသံတွေကို ရီရီ အတိုင်းသားကြားခဲ့ပြီးကတည်းက စိုးလေးဘာလုပ်လုပ် တစ်ချက်နှစ်ချက် ဟန့်ရုံ၊သူ့အဖေနဲ့အမေကို လှမ်းအသိပေးတတ်ရုံကလွဲပြီး ဘာမှဝင်မပြောဖြစ် […]