Charm BoyJanuary 13, 20121min813
အစိုးရ နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့များ ဘားအံမြို့တွင် ယနေ့ တွေ့ဆုံ ဆွေးနွေးပြီး အပစ်အခတ် ရပ်စဲရန် အတွက်သဘောတူ လိုက်ကြသည်။ ယမန်နေ့က ဘားအံမြို့တွင် တွေ့ရသော အစိုးရ၏ ကရင်ပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဝင်များ နှင့် KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဝင်များ၏ ညစာစားပွဲ မြင်ကွင်းတခု (ဓာတ်ပုံ – ဧရာဝတီ) သဘောတူညီချက်များတွင် ဆက်ဆံရေးရုံးများ ဖွင့်ရန်၊ ထိန်းချုပ်နယ်မြေတွင် ဖြတ်သန်းသွားလာသည့်အခါ လက်နက် ကိုင်ဆောင်ခြင်း မပြုရန်တို့လည်း ပါဝင်ကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ငြိမ်းချမ်းရေးအကျိုးဆောင် ဦးငွေစိုးက ဧရာဝတီသို့ ပြောသည်။ မြန်မာပြည်အနှံ့ အမြန်ဆုံး အပစ်အခတ် ရပ်စဲရေး၊ အကျဉ်းသားများ လွှတ်ပေးရေး၊  […]