black chawJanuary 10, 20122min24321
ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများ မင်္ဂလာပါခင်ဗျာ။ ဟဲဟဲ စကိုင်းနက်အပ်တူဒိတ် က အနောင်ဆာလေးတွေ နှုတ်ဆက်သလို နှုတ်ဆက်လိုက်တာပါဗျာ။ ဒီနေ့ နေ့လယ်ခင်း ရွာထဲရောက်တော့ ပွဲဆူနေတဲ့ ပို့စ်လေးတစ်ခုကိုတွေ့လိုက်လို့ စိတ်မကောင်းဖြစ်ရပါတယ်။ ဟိုလူ့ကိုတူး ဒီလူ့ကိုဆွနဲ့ ရပ်တန့်လို့မရနိုင်သော ဘလက်တစ်ယောက် တံခါးဘက်ကို ပြေးလာခဲ့တာပါဗျာ။ ဆန္ဒများနောက် တကောက်ကောက်ဆိုတဲ့ ပို့စ်လေးအတိုင်းပါပဲ။ ဘလက်ရဲ့ ဆန္ဒတွေက အဆုံးမဲ့ ပါ။ မန်းသူမန်းသားတွေရဲ့ မန်းဂဇက် ပို့စ် ကို ရေးနေရာကနေပြီး ပြည်တော်ပြန်မယ့်မမှီအတွက်လည်း လှမ်းပြီးဂုဏ်ပြုချင်နေပါသေးတယ်။ ကိုဖက်တီးတို့ မဝေကြီးတို့ မမတို့ နောက်ဆုံး ပေါက်ဖေါ်လေးတို့ကိုတောင် ဂုဏ်ပြုချင်နေတာပါ။ သို့သော် ဘလက်က ရုပ်ရှင်ထဲကလို နှစ်ကိုယ်ခွဲလို့မရပါ။ တစ်ကိုယ်ထဲ ရေးရတဲ့အတွက် နောက်ကျနေတဲ့ ဆရာဆရာမတွေအနေနဲ့ ဘလက် က ခွင့်လွှတ်ပေးဘို့ တောင်းပန်ချင်ပါတယ်ဗျာ။ ကိုသစ်မင်း (ပါလာပြန်ပြီဗျို့ […]