black chawJanuary 26, 20127min28720
မနေ့က ကိုသစ်မင်း တင်ခဲ့သော သူကြီးသို့ ပေးစာ ပို့စ်ကတော့ ရွာသူရွာသားအားလုံးရဲ့ အစည်းအဝေးကြီးတစ်ခု ဖြစ်လာခဲ့ပါပြီဗျာ။ အခုပို့စ်တင်ကာနီး တစ်ချက်ကြည့်လိုက်တော့ ကွန်းမန့်က ၅၂ ခု ရှိနေပါပြီ။ ကိုယ့်ရပ်ကိုယ့်ရွာအတွက် တက်တက်ကြွကြွ ဆွေးနွေးကြစေ ချင်ပါတယ်ဗျာ။ Etone ရဲ့ အလှူ ပို့စ်လေးကလည်း ကွန်းမန့် ၁၂၂ ခုနဲ့ ခရီးဆက်နေဆဲပါ။ စာရေးဆရာတွေ မှန်လုံယဉ်မစီးဘူးဆိုတဲ့ ပို့စ်လေး ပျောက်သွားတာ ဘာမှမသိလိုက်ရဘူး သူကြီးရေ။ သူကြီးပိတ်လိုက်တာလား ဆိုတာလေးတော့ သိချင်မိပါတယ်။ Kotun winlatt ရဲ့ ထောင်ချောက် https://myanmargazette.net/87571/uncategorized-other/copypaste ပို့စ်လေးကတော့ လွတ်လပ်စွာရေးဖွဲ့ထားတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ ဆင်းရဲခြင်းကို ထောင်ချောက်အဖြစ်တင်စားထားပါတယ်ဗျာ။ အရှိတရားများ၏ နောက်ကွယ်မှ အသိတရားမွေးရနံ့များ တိတ်တဆိတ်လှည့်ဖျားခြင်းထံပါး၌ မျက်စိလည်လမ်းမှားလေသောအခါ အတ္တ၏ မျက်နှာမူရာ၌ မာနတရားသည် တံခွန်ထူအလံလွင့်ကာ […]