cobraSeptember 1, 20111min24425
ခေါင်းစဉ်ကြီးကိုဖတ်ပြီးတော့ကြေညာလို့တော့မထင်နဲ့နော်….။ ဒီခေတ်လူငယ်တွေနဲ့အဖော်(ကွန်ဒုံး)ကိစ္စလေးနည်းနည်းလောက်ပြောပြချင်လို့ပါ။ကျွန်တော်လည်းလူငယ်တစ်ယောက်ပါပဲ။အပေါင်းအသင်းများတဲ့လူငယ်ပေါ့။ သူတို့အကြောင်းလေးတွေဖောက်သည်ချရင်းနဲ ့ဆောင်ရန်၊ရှောင်ရန်လေးတွေပါမှတ်ထားကြပေါ့။ ရောဂါတွေများပါတယ်ဆိုတဲ့ခေတ်ထဲမှာတာင်လူငယ်တော်တော်များများကအကြောက်အလန့်မရှိကြသလိုပါပဲ။ လူငယ်တွေအတွက်အပျော်အပါးနေရာတွေကလည်းအများကြီးရယ်..။ နိုက်ကလပ်တွေ၊မာဆတ်တွေ၊မာဆွတ်(အပြီးပေါက်)တွေ၊KTV တွေပေါ့။ ဒီထဲမှာမှနိုက်ကလပ်ကအဆိုးဆုံးပါပဲ………. မြို့နယ်ပေါင်းစုံကလူငယ်တွေကိုတွေ ့နိုင်တာလည်းဒီနေရာမှာပါပဲ။ ကလပ်လာကြတယ်ပြီးရင်အတွဲလေးတွေနဲ ့သွားအိပ်ကြတယ်။ ပြည့်တန်ဆာမလေးတွေကလည်းချောသကိုးဗျ…။ အသက်အငယ်ဆုံးက၁၅၊၁၆လေးတွေသနားဖို့တော့ကောင်းပါတယ်။ ကဲထားပါ။ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဖြစ်ပုံကိုပြောပြမယ်။ ကလပ်မှာကောင်မလေးတစ်ယောက်နဲ့တွေ ့တယ်သူကကလပ်ကပြည့်တန်ဆာတော့မဟုတ်ပါဘူး။ အပြင်ကလာတာ ကျွန်တော်သူ့ငယ်ချင်းနဲ့ချိတ်မိကြပါလေရော….။ ပြန်တော့သူတို့သွားအိပ်ကြတယ်လေ။ အခန်းထဲရောက်တော့နှစ်ယောက်တည်းရယ်……..။ ဒီလိုပဲပေါ့ချစ်ခန်းဝင်ဖို့အစပျိုးနေကြတဲ့အချိန်မှာဟိုကောင်ကအဖော်(ကွန်ဒုံး)ကိုဖောက်လိုက်ရော… ကောင်မလေးကဖောက်တာကိုသိသွားတော့ဘာပြောတယ်မှတ်လဲ………။ အဲဒါသုံးရင်သူနဲ့မနေနဲ့တဲ့ကြည့်ပါဦးဗျာ…..ဘယ်လိုမိန်ကလေးပါလိမ့်။ဒီနေ ့မှတွေ ့တဲ့ယောက်ျားတစ်ယောက်ကိုသန့်လားမသိ မသန့်လားမသိနဲ့အကာအကွယ်မသုံးခိုင်းဘူး။ဒါကိုဟိုကောင်ကလည်းရယ်တော့ရယ်ရတယ်ဗျ။ ဟိုကပြောတာတစ်မျိုး သူကတွေးတာတစ်မျိုးကွန်ဒုံးကိုအဖော်တံဆိပ်သုံးလို့သူနဲ့မနေနဲ့ပြောတာထင်လို့တဲ့။နိုင်ငံခြားဖြစ်သွားဝယ်လေရဲ ့။ အဖော်ကဈေးပေါတယ်လေ။ ပြန်လည်းရောက်ရောတန်းမေးပါလေရော….. “နင့်ကငါ့ကိုမယုံလို့လားတဲ့” ဘုရားရေ…..ဟိုကောင်ကယုံရရဲ ့လား၊မယုံရဘူးလားတော့သူ မစဉ်းစားပဲနဲ ့ သူကတောင်ပြန်မေးလိုက်သေးတယ်။ ကျွန်တော့်သူငယ်ချင်းလည်းဘာလုပ်ရမှန်းမသိဖြစ်သွားတာပေါ့……။ ဘာဆက်ဖြစ်မယ်ထင်လဲ….. ဟိုကောင်ကမူးနေတယ်၊ကောင်မလေးကဖြူတယ်၊လှတယ်။ တဏှာရာဂမီးကခေါင်းထဲကဖောက်ထွက်တော့မယ်အချိန်ဆိုတော့ကွန်ဒုံးမသုံးဘဲနေလိုက်ပါလေရော။ သူအခုအရမ်းလန့်နေပီပေါ့…………………..။ (ကိုရီးယားကားကိုကြိုက်တဲ့သူတွေအတွက်ကျွန်တော်လည်းကိုရီးယားကားလို အပိုင်းလေးတွေခွဲပြီးဆက်လက်တင်ပြပါမည်။)ကျွန်တော်တင်ပြသည်ကိုမြင်ကဆွဲမစိတ်ရ…. 😛 စာအရေးအသားကြမ်းရင်ခွင့်လွှတ်ပါ။