Yin Nyine NwaySeptember 29, 20101min1001
ပေါ်တီကိုအောက်မှာကားရပ်ပြီး အိမ်ထဲဝင်ဝင်ချင်း သူ ့ခြေသံကြားတာနဲ ့ အချစ်တော်လေး ကီကီက ထုံးစံအတိုင်း အပြေးလာကြိုသည်… မွေးစုတ်ဖွားလေးတွေကို သပ်ပေးရင်း ထုံးစံမပျက် လက်ထဲကဝယ်လာတဲ့ ငါးဖယ်ကြော်တွေ ချကျွေးနေစဉ် အခန်းထဲမှ တူမချော မီးလုံး၏ အသံစာစာကို ကြားလိုက်ရသည်။ “တီသု ပြန်လာပြီလား… နေ ့လည်က အန်တီနန္ဒာ လာသွားတယ်… တီသု မရှိလို ့ ဖိတ်စာပေးသွားတာနဲ ့ ဧည့်ခန်းထဲက စားပွဲပေါ်မှာ သမီးတင်ထားတယ်နော်…” အမယ်… ဖိတ်စာ ဆိုပါလား… ဒင်းက ဖိတ်စာတောင် ဝေနေပြီကိုး။ အင်းလေ… ဒင်းပြောတဲ့ရက်ဆို နောက်နှစ်ပတ်လောက်ပဲ လိုတော့တာပဲ… လူကိုယ်တိုင်တောင် လာမဖိတ်နိုင်လောက်အောင် ဒင်းက မျက်နှာပူတယ်ပေါ့လေ။ ငါဘယ်အချိန် အိမ်ပြန်ရောက်တတ်လဲသိရဲ ့သားနဲ ့ နေ ့လည်ဘက်လာပေးတယ်ဆိုတော့ ဒါ […]