koyin sithuJune 19, 20121min16710
အဘ…. အဘပြောတဲ့ ဘာပဲလုပ်လုပ် အဖြစ်ရှိအောင်လုပ်ဆိုတဲ့ စကားဟာ ကျွန်တော်တို့ကို ပေါ့ပေါ့နေ ပေါ့ပေါ့စား ဘဝကနေ လွတ်မြောက်စေခဲ့ပါတယ်။ အဘ…… အဘပြောတဲ့ နောက်မဆုတ်နဲ့ ဆိုတဲ့ ပုံပြင်လေးဟာ ကျွန်တော်တို့ကို ဇွဲသတ္တိတွေ ရှိစေခဲ့ပါတယ်။စိတ်ဓါတ် ကြံ့ခိုင်စေခဲ့ပါတယ်။ အဘ…. အဘပြောတဲ့ မပျင်းနဲ့ ဆိုတဲ့ စကားလေးဟာ ကျွန်တော့်ကို ဝီရိယတွေ ရှိစေခဲ့ပါတယ်။ အလုပ်ကြိုးစားသူ အလုပ်ကို တန်ဖိုးထား ချစ်တတ်သူဖြစ်စေခဲ့ပါတယ်။ အဘ…. အဘပြောတဲ့ ချဲလင့်ချ်-စိန်ခေါ်မှု့ ဆိုတဲ့ ပုံပြင်လေးဟာ ကျွန်တော့်ကို အခက်အခဲ အနှောင့်အယှက် ဆန့်ကျင်ဖက် အတားအဆီးများကို ရင်ဆိုင်ရဲသူ ကြိုဆိုရဲသူ ဖြစ်လာစေခဲ့ပါတယ်။ အဘ….. အဘပြောတဲ့ ဂေါ့ဖားသား ဆိုတဲ့ ဇာတ်လမ်းကလေးတွေဟာ ကျွန်တော့်ကို ကျွန်တော် ယုံကြည်မှု့တွေ ရစေခဲ့ပါတယ်။ အရာရာကို သေသေချာချာ […]