အဘ……ကယ်လို့။။။။ အဘ……အဘဆိုတာဘယ်လိုလူများလဲ……. အဘတွေ ….မြန်မာပြည်မှာတော်တော်ပေါတယ်ဗျ…..အကိုကြီးတွေလည်းအများသားလား ကျုပ်တို့နောက်မှာ….အဘနဲ့ အစ်ကိုကြီး တွေသာရှိရင်…တော်ရုံကိစ္စ သိပ်ကြောက်ဘို့မလို့ဘူးဗျ ဘယ်ဌာနသွားသွား..ဘယ်ရုံးကိစ္စလုပ်လုပ် ..”’အဘလွှတ်လိုက်တာပါ”’…….”’အစ်ကိုကြီးက ကြိုပြောမထားဘူးလား”” ဟင်းဟင်း…ဒီလိုလေးမေးလိုက်ရုံနဲ့ ပြူးပြူးပျာပျာ ဖြစ်သွားစေရမယ်။။။နောက်ဆက်တွဲလေးကတော့….အဆင်ပြေအောင် လုပ်ပေးလိုက်ပါမယ်ခင်ဗျာ..ပေါ့ဗျာ။။။။။။။။။။။။။။။။။။။။။ အလုပ်ကိစ္စတော်တော်များများနဲ့ အလုပ်ကြီးအကိုင်ကြီးသမားတွေကတော့ အဘ နဲ့ကင်းတဲ့သူသိပ်မရှိကြဘူး တစ်ချို့ဌာနတွေဆို ဒီလူတွေမျက်နှာမြင်တာနဲ့ အဘ လူဆိုတာတန်းသိနေပြီ အားလုံး အဆင်ကိုပြေလို့ ဒီအဘ ဆိုတဲ့လူတွေကလည်း နေရာတစ်ကာနီးပါးရှိတယ်ဗျ အဲဒီအဘ ဆိုတဲ့လူတွေကစိတ်ကောင်းတော့ တော်တော်ရှိကြတာပဲ သိပ်ခက်ခဲနေတဲ့ကိစ္စများရှိလို့ကတော့ သူတို့ကိုသာ အပူကပ်လိုက်၊ ကူညီလိုက်တာမှလွန်ရော နာမည်လေးသာပြောလိုက် လုပ်မပေးနိုင်ဘူဆို့တဲ့ ဝန်ထမ်းမရှိစေရဘူး….အဘဘိုးဘိုးအောင် ထက်တောင်စွမ်းသေးတယ်ဗျို့။။။ ။။။။။။။အဲဒီအဘတွေကတော့ ဘယ်လိုလူတွေလည်းတော့မသိဘူး ဗျို့ ကျနော့ အဘကတော့ ကွမ်းယာကိုမနားတမ်းဝါးပြီ အမြင်မတော်တဲ့ကိစ္စတွေ့လို့ကတော့ တဗျစ်တောက်တောက်ပြောနေတတ်တဲ့ အဖေဘက်က ကျွန်တော့ အဖိုးပဲဗျ တောမှာကလည်းနေ ကရင်လူမျိုးကလည်းဖြစ်ပြန်ဆိုတော့ ပြောစရာရှိရင် ဒုတ်ထိုးအိုးပေါက် ဒဲ့ကြီးပဲတွယ်တော့တာပဲဗျို့ […]