Swal Taw YwetSeptember 26, 20121min3057
ကိုပေါက်ရေ၊ မင်္ဂလာပါ။ ကျနော် စွယ်တော်ရွက်နဲ့ ကို ကြီးမိုက်တို့ရဲ့ ငယ်ဘဝတွေဖြတ်သန်းခဲ့ရတဲ့ အမရပူရ မင်းနေပြည်တော်ဟောင်းအကြောင်း ဓါတ်ပုံမှတ်တမ်းလေး လုပ်ချင်တယ်ဆိုလို့ အမရပူရသားတွေ ကိုယ်စား ကျေးဇူးတင်ပါရစေနော။ ကို ကြီးမိုက်ကတော့ သူ့ငယ်ဘဝကာလတွေအကြောင်း ပို့စ်လေးတွေရေးတင်ပေးခဲ့တာ နာမည်နဲ့လိုက်အောင် မိုက်မှမိုက် ဗျာ။ မျက်ရည်တောင် ဝဲ မိပါရဲ့။ ကျနော် စွယ်တော်ရွက်ကတော့ သုတလေးတွေဘဲရေးပါရစေ၊ ကိုပေါက်စုံစမ်းနေမိတယ်ဆိုတဲ့ အမရပူရ နေပြည်တော်ဟောင်းအကြောင်းပေါ့။ ကျနော့်ကို မွေးဖွားခဲ့တဲ့နေရာဟာ အဲဒီ ပလစ ( ၂ ) တပ်။ တပ်တွင်းသားဖွားခန်းမှာပါခင်ဗျ။ ချက်မြှုပ်တော့မဟုတ်ဘူးပေါ့၊ မြေမမြှုပ်ဘဲ အမေ့ရဲ့ သေတ္တာလေးထဲမှာ အခုထိ သိမ်းထားတုံးမို့လို့ပါ။ ကဲ ကဲ။ ကိုပေါက်အတွက် လက်ဆောင် အမရပူရ နန်းမြို့ဟောင်းအကြောင်းဘဲရေးတော့မယ်။ ကိုပေါက်ရေ။ ရှာရတာလွယ်အောင်နဲ့စာဖတ်သူတွေပါမြင်ယောင်လာအောင် တည်နေရာကစပါ့မယ်။ မန္တလေးနေပြည်တော်ကြီးမတည်ဆောက်မီ […]