Zaw WonnaSeptember 16, 20115min1197
အမိမြေနဲ့ အပိုင်းအစများ ဘယ်နယ်ကလဲတဲ့ ….. အလယ်ကလူ စကားမဝဲပါ ငါဟာ ….. ခြေတပေါင်ကျိုးကနေတဲ့ ရွှေမင်းသမီး ဘီးလူးစီးခံထားတဲ့ တိုင်ပြည်လေးကပါ။ ဘေးနားက အနိုင်ကျင့်ချင်တဲ့ ဆွေမျိုးရင်းချာ အကိုကြီးတွေရဲ့ မျက်နှာရိပ် မျက်နှာကဲကြည့်ပြီးနေရတဲ့ မျက်နှာငယ် ရွှေမင်းသမီးလေးပါ။ တိုင်းပြည်ကမငယ်ပေမယ့် မျက်နှာငယ်ရတဲ့ တိုင်းငယ်ပြည်ငယ်လေးကပါ။ ငါတို့က ဒီလိုမြေ၊ဒီလိုပြည်က လာတာပါ။ ကတ္တရာ လမ်းဆိုရင် ကိုယ်ထူကိုယ်ထ၊ အခွင့်အလမ်းဆိုလည်း ကိုယ်ယူကိုယ်ရနဲ့ ကိုသူရ တွေပေါတဲ့တိုင်းပြည်ပေါ့။ ရေမလာ၊ မီးမလာလည်း ဘာဂရုစိုက်ရမလဲ ငွေသာရှိလို့ကတော့ အဝီစိထိ လှိုဏ်ခေါင်းတူးပြီး အဲကွန်းဖွင့်နေလို့ရတယ်။ ဆေးလိပ်အရက် လူကိုဖျက်ဖျက် ဝင်ငွေမပျက် စီးပွါးတက်ဖို့ဆိုတဲ့ အတွေးအခေါ်တွေနဲ့ ဘယ်သူသေသေ ငတေ မာဖို့သာ အဓိကပါ။ နိုင်ငံရေး၊ပညာရေး လူမှုရေး ဘာရေးမှ မရေးကြနဲ့ ဒို့မှာ ဒီ့ထက်အရေးကြီးတဲ့ […]