natureJune 27, 20121min34315
N+270612 မြန်မာနိုင်ငံကို စင်္ကာပူလိုသန့်အောင် မြန်မာနိုင်ငံကိုစင်္ကာပူလိုသန့်အောင်လုပ်မယ်ဆိုပြီး အရင်ဆုံးဆန္ဒမဲခံယူကြည့်ရင်တော့ ၁၀၀% ထောက်ခံမဲ ရမယ်ဆိုတာသေချာပါတယ်။ သန့်ရှင်းရေး ကောင်းလာမယ်ဆိုကျန်းမာရေး တွေလည်း ပိုမိုကောင်းစေလာနိုင်ပါတယ်။ အမှိုက်ပြစ်တဲ့သူတွေဟာလည်း အမှိုက်ကိုလွယ်လွယ် ပြစ်တာ အကျင့်ပါနေတဲ့ ထောက်ခံမဲပေးတဲ့ပြည်သူတွေထဲကပဲဖြစ်တယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။ လူပေါင်းသန်း၆ဝ ရှိရင်တယောက်ကိုအမှိုက်တခုပြစ်ရင်အမှိုက်သန်း၆ဝ ထွက်လာမှာဖြစ်ပါတယ်။ ပြောင်းပြန်အားဖြင့် လူတိုင်း ကိုယ့်ရှေ့မှာရှိတဲ့ အမှိုက်တခုကိုအမြင်မတော်လို့ကောက်မယ်ဆိုရင် အမှိုက်သန်း၆ဝ ကို ရှင်းလင်းနိုင်မှာဖြစ်ပါတယ်။တိုင်းပြည်သန့်ရှင်းရေးအတွက် တိုင်းပြည်တိုးတက်ရေးအတွက် ပြည်သူတိုင်းတာဝန်ရှိတယ် ဆိုတဲ့ခံယူချက် လေ့ကျင့်မွေးမြူပေးဖို့လိုပါတယ်။ ဒါကတော့ဒေါ်အောင်ဆန်းစုကြည်ရဲ့အကျိုးအကြောင်းဆီလျှော်တဲ့ မိန့်ခွန်းတခုတည်းနဲ့တင်တော်တော်လေးအဆင်ပြေစေနိုင်မယ်ထင်ပါတယ်။ တဖက်ကလည်းစည်းကမ်းနဲ့ အမှိုက်ပုံးတွေကို သင့်တော်တဲ့နေရာမှာစီစဉ်ပေးခြင်းဖြင့် အတန်အသင့်အဆင်ပြေစေနိုင်မယ်လို့ထင်မြင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့နိုင်ငံတော်က Hard power ဆိုတဲ့ ပါဝါအပြည့်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ soft power ဆိုတဲ့ ချစ်ခင်လေးစာအားကိုးမှုအပြည့်အဝရှိတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ ဒီကိစ္စဟာနိုင်ငံတော်ရဲ့အားနည်းချက်ရှိသလိုပြည်သူတွေရဲ့ တဦးချင်းတာဝန်ယူမှု အားနည်းတာလည်းပါမယ်လို့ ထင်ပါတယ်။ နိုင်ငံတော်အတွင်းမှာ ဖြစ်တဲ့ကိစ္စမှန်သမျှ နိုင်ငံတော်အတွင်းနေထိုင်ကြတဲ့ နိုင်ငံတော်ကတာဝန်ရှိသူတွေနဲ့ပြည်သူအားလုံးတာဝန်ရှိတယ်လို့မြင်ပါတယ်။ […]