စစ်ကိုင်းမြို ့ဗိုလ်ချုပ်ပန်းခြံအနီးရှိ လဝကရုံး(ခရိုင်ရုံးမဟုတ်မြို ့နယ်ရုံး)မှ ဒေါ်အေးအေးခိုင် ဆိုသူသည် ဆင်းရဲသားတောသူတောင်သားများကိုပင်အလွတ်မပေးပဲ ဗြောင်ပင်လာဘ်စား လျက်ရှိပါသည်။နိုင်ငံတော်မှ အလကားနီးပါးနှုန်းနှင့်မှတ်ပုံတင်များပြုလုပ်ရန် ညွှန်ကြားသော် လည်း ဒေါ်အေးအေးခိုင်သည် စစ်ကိုင်းမြို ့နယ်လယ်ကြီးရွာမှ တောင်သူနှစ်ဦးမှတ်ပုံတင်သွား လုပ်ရာ တစ်ဦးလျှင် ၁၁၀၀ဝကျပ်နှုန်းတောင်ယူသည်။တောသူများဖြစ်၍ မရှိသည့်ကြားမှ ဖြစ် အောင်ပေးခဲ့ရကြောင်း၊ညွှန်ကြားချက်အရ ရွာများဆင်းလုပ်ပေးရလျှင်လဲ တာဝန်ကျေရုံသာ လုပ်၍ ရုံးလာရန်ခေါ်တတ်ကြောင်းသိရသည်။ အလားတူထိုရွာမှ သားအမိနှစ်ယောက်အားရွာတွင်လာစဉ်ကတည်းကလုပ်မပေးပဲ ရုံးခေါ်၍ သွားလုပ်ရာတွင် သူတို ့သည်မန္တလေးမှ အိမ်ထောင်စုဇယားပြောင်းဖြစ်၍ ဖုန်းဆက်ရမည်ဆိုကာ တဦးလျှင် ၅၀၀ဝနှုန်းတောင်းပါသည်။ဖုန်ဆက်ခသာဖြစ်၍ မှတ်ပုံတင်အတွက်မပါသေးပါ။အ ဆိုပါအမျိုးသမီးကြီးက ၇၀၀ဝကျပ်သာပါ၍၇၀၀ဝနှင့်လုပ်ပေးရန်တောင်းပန်ရာ မန္တလေးကိုယ် တိုင်သွားတော့ဟုဆိုသဖြင့် သားအမိနှစ်ယောက် ပင်ပန်းဆင်းရဲစွာဖြင့် သွားရပြန်ပါသည်။ မန္တလေး ဘုရားကြီးနားမှ လဝကရုံးတွင်လည်း ဝင်ဝင်ချင်းစားပွဲရှိ ဝန်ထမ်းမှ မိတ္တူကူးခ ၁၅၀ဝပေးရမည်(အမျိုးသမီးကြီးတစ်ဦးတည်း အတွက်သာ)ဆိုသဖြင့် ၂၀၀ဝပေးရာ “ဒါလေး တောင်မသိဘူးလား […]


                      မနက်ဆို စောစောထရတယ်ဗျ  မနက် ခြောက်နာရီလောက်ထဲက ဝင်းထဲရောက်နေမှ ဒါမှ ကိုယ့်ထက်ဦးတဲ့သူတွေ ကိုအမှီလိုက်နိုင်မှာလေ အလုပ်အတွက်ကတော့ အများကြီးယူသွားစရာ မလိုပါဘူး ဆာလာအိတ်ကြီးကြီးတစ်လုံးဆိုရပြီ ငွေလဲ အရင်းအနှီးမလိုပါဘူး  အဓိက ကတော့ စောစောရောက်သွားဘို့ပါပဲ အလုပ်ခန့်တဲ့သူလဲမရှိဘူး  လစာပေးမဲသူလဲမရှိဘူး  အလုပ်ထုတ်မဲ့သူလဲမရှိဘူးလေ ကိုယ်ပိုင်စီးပွားရေးလို့ခေါ်ရမှာပေါ့….။။ ဒီဝင်းကြီးက ကျုပ်တိုအတွက် စားဝတ်နေရေး ထောက်ပံပေးနေတဲ့ ဝင်းကြီးပေါ့ ဒီဝင်းကြီးထဲမှာ  ရန်ကုန်မြို့ကနေ မြန်မာပြည်အထက်ပိုင်းခရီးသွားကြတဲ့ လူတွေရဲ့ ခရီစဉ်အစပြုရာနေရာကြီးလေ ကျုပ်အလုပ်က သိပ်ကြီးကြီးကျယ်ကျယ်တော့မဟုတ်ပါဘူး   ခင်ဗျားတို့လို ခရီးသွားတွေ ထားပစ်ခဲ့တဲ့ ရေသန့်ဗူးခွံတို့  ဘီယာသံဗူးခွံတို့ ကျွဲရိုင်းအချိုရည်ဗူးခွံတို့ လိုက်ကောက်တဲ့သူလေ ဒါတွေကို မနက်ရောက်တာနဲ့ အဝေးပြေးဝင်း  တစ်ပတ်ပြည်အောင် […]