three colorsSeptember 24, 20111min28714
ဒါ ဒုတိယအကြိမ် တင်ကြည့်ခြင်းပါ။ တိုတိုပဲပြောကြည့်ပါမယ်၊ ကျွန်တော် စင်ကာပူ ကပြန်လာခါစ လွန်ခဲ့တဲ့ ၅နှစ်လောက်က အဖြစ်ကလေး။ ရန်ကုန်မြို့ထဲမှာ အကြော် ဝယ်ပြီး လက်က ကိုင်စား လာခဲ့ပြီး ကုန်သွားတဲ့အခါ ဟိုကပါလာတဲ့အကျင့်ကလေးကရှိနေသေးလို့ ဆီပေနေတဲ့သတင်းစာ စာရွက်ကိုကိုင်ရင်း အမုှိက်ပုံးရှာမိပါတယ်။၂block,၃ block သာကျော်လာတယ်၊အမှိုက်လွှတ်ဘို့နေရာမှန်ကိုရှာမတွေ့ လို့လမ်းပေါ ်ပဲချရပါတော့တယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်လောက်က အမှိုက်ပုံးတွေblockတိုင်းမှာရှိခဲ့ဘူးပါတယ်၊အခုတော့—–။ ဒါတွေကြောင့်ရေမြောင်းတွေ ပိတ်တာ မဖြစ်နိုင်ဘူးလား???? စည်ပင်ဝန်ထမ်းတွေ အကုန်လုံး လှည်းထုတ်နိုင်လို့လား?????? အမှိုက်ပုံးတွေ ရှိဘို့မလိုဘူးလား???????? ်