စဆရ ႀကီးDecember 5, 20111min1299
နေရာကား ဆင့်ကာပူရ (singapora) ခေါ် စင်္ကာပူ (အင်္ဂပူ မဟုတ်ကြောင်း သေချာဖတ်ရှုပါကုန်) ရောက်ပြီး သိပ်မကြာခင်မှာပင် လတ်လျားလတ်လျား လမ်းသလားချင်စိတ်များကား တားမနိုင်၊ ဆီးမရ နန့်နန့်ထိုးလျက် ရှိရကား ဘယ်သူမှလဲ မရောက်ဖူးသည့်အတူတူ မျက်နှာဖြူစကား အတော်အတန်သွားသော ကျွန်တော်မှ ကျန်ငမိုက်သား ခြောက်ယောက်ကို ဦးဆောင်လမ်းပြလျက် ဟိုစာဖတ်၊ ဒီစာဖတ်ဖြင့် နေထိုင်ရာ limchukeng တောနက်ကြီးမှ ကားတစ်တန်၊ ရထားတစ်တန်ဖြင့် City Hall MRT Station တွင်ဆင်း၊ မြင်သမျှ၊ တွေ့သမျှ ပါးစပ်အဟောင်းသားဖြင့်ငေးရင်း မြန်မာကုန်တိုက်ဟုဆိုသော Pennisula Plaza သို့ မေးရင်း၊ စမ်းရင်း ရောက်လာတော့သည်။ အပြန်လမ်းကို သေချာစေရန်အတွက် မြင်သမျှ ဆိုင်းဘုတ်များကို ဖုန်းတစ်လုံးဖြင့် ရိုက်ယူရင်း မဝန့်မရဲဖြင့် ရောက်လာရတော့သည်။ ရောက်ရောက်ချင်းပင် […]